Advertisements

စိုက်ပျိုးရေးမိုးလေဝသ (၂၀၁၉ ဇန်နဝါရီ ဒုတိယဆယ်ရက်ပတ်)

ယခင်အပတ် အခြေအနေနှင့် ယခုအပတ် အလားအလာများ

= = = = = = = = = = = = = = = = = = = = = = =

ဘင်္ဂလားပင်လယ်အော်အခြေအနေ

ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်း ‘ပါဘက်’သည် ဇန်နဝါရီ ၅ ရက်နေ့တွင် ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိခဲ့သည်။ ၆ ရက်နေ့တွင် အားကောင်းသော မုန်တိုင်းငယ်အဖြစ် သို့လည်းကောင်း၊ ၇ ရက်နေ့တွင် ဘင်္ဂလား ပင်လယ်‌အော်အရှေ့တောင်ပိုင်းသို့ ရောက်ရှိခဲ့ပြီး မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ ၈ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့လည်းကောင်း အားလျော့သွားခဲ့ပြီး ၉ ရက်နေ့တွင် အားပျော့ ပျယ်ပြယ်သွားခဲ့ပါသည်။ ဘင်္ဂလားပင်လယ်‌အော်တွင် တိမ်အနည်းငယ်ဖြစ်ထွန်းခဲ့ပြီး ကပ္ပလီပင်လယ်ပြင်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်ခဲ့သည်။

မိုးရွာသွန်းမှုအခြေအနေ

ယခုလ ပထမဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ပျမ်းမျှမိုးရေချိန်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ပျမ်းမျှမိုးရေချိန်အောက်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပျမ်းမျှမိုးရေချိန်ထက် ပိုခဲ့သည်။

မိုးရွာရက်များ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် ၄ရက်စီ၊ ပဲခူးတိုင်း ဒေသကြီးအရှေ့ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နှင့် ကယားပြည်နယ်တို့တွင် ၃ရက်စီ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်တောင်ပိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂ရက်စီ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၁ ရက်စီနှင့် ချင်းပြည်နယ်တွင် မိုးအနည်းငယ်ရွာသွန်းခဲ့သည်။

အမြင့်ဆုံးအပူချိန်အခြေအနေ

ပထမဆယ်ရက်ပတ်တွင် နေ့အပူချိန် အခြေအနေများမှာ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ပဲခူး တိုင်းဒေသကြီးအရှေ့ပိုင်းနှင့် မွန်ပြည်နယ်တို့တွင် ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ခန့်သာရှိခဲ့သည်။ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်တောင်ပိုင်း၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၁ဒီဂရီဖာရင်ဟိုက်မှ ၂ဒီဂရီဖာရင်ဟိုက် အထိ၊ ပဲခူးတိုင်း ဒေသကြီးအနောက်ပိုင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတို့တွင် ၅ဒီဂရီဖာရင်ဟိုက်မှ ၆ဒီဂရီဖာရင်ဟိုက်အထိပျမ်းမျှအမြင့်ဆုံးအပူချိန်အောက်လျော့နည်းခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၁ဒီဂရီဖာရင်ဟိုက်မှ ၂ဒီဂရီဖာရင်ဟိုက် အထိနှင့် မန္တလေးတိုင်းဒေသကြီးတွင် ၈ဒီဂရီဖာရင်ဟိုက် ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ထက် ပိုခဲ့သည်။

အနိမ့်ဆုံးအပူချိန်အခြေအနေ

ယခင်အပတ် ညအပူချိန် အခြေအနေများမှာ ရန်ကုန်တိုင်းဒေသကြီးတွင်ပျမ်းမျှအနိမ့်ဆုံးအပူချိန်ခန့်သာရှိခဲ့သညလ။ ချင်းပြည်နယ်တွင် ၄ဒီဂရီဖာရင်ဟိုက်ခန့်နှင့် ရခိုင်ပြည်နယ်တွင် ၆ဒီဂရီဖာရင်ဟိုက်ခန့် ပျမ်းမျှအောက် လျော့နည်းခဲ့ကာစစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် ၁ဒီဂရီဖာရင်ဟိုက်မှ  ၃ ဒီဂရီဖာရင်ဟိုက်အထိ၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၄ ဒီဂရီဖာရင်ဟိုက်မှ ၆ ဒီဂရီဖာရင်ဟိုက်အထိ၊ ပဲခူးတိုင်းဒေသ တောင်ပိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင် ၇ ဒီဂရီဖာရင်ဟိုက်မှ ၈ဒီဂရီဖာရင်ဟိုက်အထိ ပျမ်းမျှထက် ပိုခဲ့သည်။

လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ

ပထမဆယ်ရက်ပတ်တွင်လေထုစိုထိုင်းဆမှာ- ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် (၉၀%)၊ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ၈၁%မှ ၈၈%အတွင်းနှင့် ပဲခူးတိုင်းဒေသကြီး တောင်ပိုင်းနှင့်အနောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၇၁%မှ ၇၈%)အတွင်း အသီးသီးရှိခဲ့သည်။

ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ

ပင်ငွေ့ရေငွေ့ပျံနှုန်းမှာရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၁၆ မီလီမီတာ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းနှင့် အနောက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့်တောင်ပိုင်း၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ၂၀မီလီမီတာမှ ၂၉အတွင်းနှင့် ပဲခူး တိုင်းဒေသကြီးတောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၃၁ မီလီမီတာမှ ၃၈အတွင်း အသီးသီးရှိခဲ့သည်။

(ဖြစ်နိုင်စွမ်း ပင်ငွေ့ရေငွေ့ပျံနှုန်းအား HARGREAVES METHOD ဖြင့် တွက်ချက်ထားပါသည်။)

မြေဆီလွှာအောင်းရေအခြေအနေ

မြေဆီလွှာစိုစွတ်မှုမှာရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ပြည့်ဝအခြေအနေ၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် စိုစွတ်အခြေအနေ၊စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ခြောက်သွေ့အခြေအနေ အသီးသီးရှိခဲ့သည်။

ကိုးကား – မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်