Advertisements

ယာဉ်မတော်တဆမှု လျော့နည်းရေး ပညာပေးဟောပြော

ပေါင် ဇန်နဝါရီ

ယာဉ်မတော်တဆမှု လျော့နည်းကျဆင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေး ဟောပြောပွဲကို အတွက် ပေါင်မြို့နယ် နတ်ကြီးချောင် အခြေခံပညာအထက်တန်းကျောင်း၌ ဇန်နဝါရီ ၁၅ ရက် နံနက် ၁၁ နာရီတွင် ကျင်းပခဲ့သည်။

မုတ္တမ နယ်မြေရဲစခန်းမှူ း ရဲအုပ် အောင်မင်းကြည်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသား ကျောင်းသူ ၃၅၀ ဦးခန့် တက်ရောက်ကြသည်။

ထ့ိုနောက် ယမန်နှစ်၂၀၁၈ အတွင်းက ဖြစ်ပွါးခဲ့သည့် ယာဉ်မတော်ဆမှုများကို သာဓကပြ၍ ရှင်းလင်းပြောကြားခဲ့ပြီး ယာဉ်မတော်တဆမှုနှင့်ပတ်သက်သည့် ပြစ်မှု/ပြစ်ဒဏ်များကိုလည်း ထပ်မံ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်