Advertisements

ဓမ္မနန္ဒီဗုဒ္ဓကောလိပ်ဆိုင်းဘုတ်တင်ပွဲနှင့် အဆောက်အဦအုတ်မြစ်ချမင်္ဂလာအခမ်းအနား ကျင်းပ

မော်လမြိုင် ဇန်နဝါရီ

ဓမ္မဒူတဗုဒ္ဓတက္ကသိုလ် မော်လမြိုင်ဌာနခွဲ ဓမ္မနန္ဒီဗုဒ္ဓကောလိပ် ဆိုင်းဘုတ်တင်ပွဲနှင့် အဆောက်အဦအုတ်မြစ်ချမင်္ဂလာအခမ်းအနားကို မော်လမြိုင်မြို့ ဘိုကုန်းရပ် တနင်္သာရီလမ်း ဓမ္မနန္ဒီ စာသင်တိုက်တွင် ဇန်နဝါရီ ၁၄ ရက် နံနက်က ကျင်းပခဲ့သည်။

ဓမ္မဒူတတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ပညိဿရ၊ မြစေတီရဲကျောင်းဆရာတော်၊ မြို့နယ်သံဃမဟာနာယဥက္ကဌဆရာတော်နှင့် ဓမ္မနန္ဒီ ဗုဒ္ဓကောလိပ်ဆရာတော် ဒေါက်တာအရှင်ပဏ္ဍိတတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ဗုဒ္ဓတက္ကသိုလ် စုစုပေါင်း ၂၈ ခုရှိပြီး မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ်ပါဝင်သည်ဟု ဓမ္မနန္ဒီကျောင်းဆရာတော်က မိန့်ဆိုခဲ့သည်။

အခမ်းအနားတွင် ပညာရေးပူးပေါင်း စာချွန်လွှာပေးအပ်ပွဲကိုပါ တစ်ပါတည်း ထည့်သွင်းကျင်းပခဲ့သည်။

အခမ်းအနားသို့ သံဃာတော်များ၊ လူပုဂ္ဂိုလ်များနှင့်အတူ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးရွှေမြင့်တို့လည်း တက်ရောက်ခဲ့ကြသည်။

မင်းချစ်ကို

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်