Advertisements

ရက် ၁၀၀ လင်းယုန်စီမံချက် ပထမရက်တွင် ယာဉ်စည်းကမ်းပျက်မှု ၄၅၀ နီးပါး ဖမ်းမိ

မော်လမြိုင် ဇန်နဝါရီ

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုရှိစေရေးအတွက် ရက် ၁၀၀ လင်းယုန်စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၅ ရက် ပထမနေ့က စည်းကမ်းပျက်ယာဉ် ၄၄၁ မှုကို စစ်ဆေးတွေ့ရှိ ဖမ်းဆီးအရေးယူမှုဆောင်ရွက်ထားကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

မော်လမြိုင်မြို့နယ်တွင် မော်တော်ယာဉ် ၄ မှု၊ဆိုင်ကယ် ၁၂၅ မှု၊ စုစုပေါင်း ၁၂၉ မှု၊ ချောင်းဆုံမြို့နယ်တွင် ဆိုင်ကယ် ၇ မှု၊ ကျိုက်မရောမြို့နယ်တွင် မော်တော်ယာဉ် ၁ မှု ဆိုင်ကယ် ၅ မှု၊ စုစုပေါင်း ၆ မှု၊ မုဒုံမြို့နယ်တွင် ဆိုင်ကယ် ၂၂ မှု၊ သံဖြူဇရပ်မြို့နယ်တွင် ဆိုင်ကယ် ၁၇ မှု ဖမ်းဆီးအရေးယူထားသည်။

အလားတူ ရေးမြို့နယ်တွင် ဆိုင်ကယ် ၄၇ မှု၊ ပေါင်မြို့နယ်တွင် မော်တော်ယာဉ် ၆ မှု ဆိုင်ကယ် ၂၆ မှု၊ စုစုပေါင်း ၃၂ မှု၊ သထုံမြို့နယ်တွင် မော်တော်ယာဉ် ၁၂ မှု ဆိုင်ကယ် ၇၁ မှု၊ ဘေးတွဲယာဉ် ၄ မှု၊ စုစုပေါင်း ၈၇ မှု၊ ဘီးလင်းမြို့နယ်တွင် ဆိုင်ကယ် ၃၈ မှုနှင့် ကျိုက်ထိုမြို့နယ်တွင် ဆိုင်ကယ် ၅၆ မှုတို့ ဖမ်းဆီးအရေးယူဆောင်ရွက်ထားခြင်း ဖြစ်သည်။

ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်