Advertisements

ဆေးပညာညီလာခံ မော်လမြိုင်တွင် သုံးရက်တိုင် ကျင်းပ

မော်လမြိုင် ဇန်နဝါရီ

မြန်မာနိုင်ငံဆရာဝန်များအသင်း(မော်လမြိုင်) ၏ ၁၆ကြိမ်မြောက် ဆရာဝန်ညီလာခံနှင့် ဆေးပညာနှီးနှောဖလှယ်ပွဲကို မော်လမြိုင်မြို့ မြို့ရှောင်လမ်းရှိ Royal Hinthar Hotel တွင် ဇန်နဝါရီ ၁၁ မှ ၁၃ ရက်နေ့အထိ သုံးရက်တိုင်တိုင်ကျင်းပခဲ့ကြောင်း သိရသည်။

ညီလာခံဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၁ ရက်က ကျင်းပခဲ့ရာ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ် ဥပဒေချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း(မော်လမြိုင်) ဥက္ကဌ ဒေါက်တာတင်နွဲ့ဝင်းနှင့်အမှုဆောင်ကော်မတီဝင်များ၊ အသင်းဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

သုံးရက်ကြာပြုလုပ်သည့် အဆိုပါ ညီလာခံသို့ မွန်ပြည်နယ်အတွင်းရှိ ဆရာဝန် ဦးရေ ၃၀၀ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ဆရာဝန်များအသင်း(မော်လမြိုင်)၏ နှစ်စဉ်ဆောင်ရွက်ချက်များ၊ငွေစာရင်းရှင်းတမ်းများနှင့် ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၊ တိုးတက်လာသောဆေးပညာကုထုံးများနှင့် ဆေးကုမ္ပဏီများ၏ အရောင်းပြခန်းများ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ဆေးတက္ကသိုလ်များမှ ပါမောက္ခဆရာဝန်ကြီးများက တိုးတက်လာသော ဆေးပညာကုထုံးများအကြောင်း၊ ဆေးဝါးများအကြောင်း၊ ကင်ဆာရောဂါကုထုံးများနှင့် အသည်းရောင်အသားဝါရောဂါများအကြောင်းစသဖြင့် ခေါင်းစဉ် ၂၅ ခုကို ညီလာခံ သုံးရက်အတွင်း ဟောပြောပို့ချခဲ့သည်။

ထို့အပြင် စစ်တုရင်၊ စားပွဲတင်းနစ်၊ စာလုံးဆက်ပြိုင်ပွဲ၊လမ်းလျှောက်ပြိုင်ပွဲများနှင့် ကံစမ်းမဲအစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။

Photo by Htun Sein and Min Ye

သတင်း – လျှမ်းထက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်