Advertisements

ထိုင်းတွင် လေထုညစ်ညမ်းမှု မြင့်တက်လာ၊ နေရာအနှံ့ မိုးအတု ရွာချရန် အစိုးရ လုပ်ဆောင်နေ

ဘန်ကောက် ဇန်နဝါရီ ၁၆

ထိုင်းနိုင်ငံရှိ မြို့အတော်များများမှာ လေထုညစ်ညမ်းမှု အဆင့် ဆိုးဝါးစွာ မြင့်တက်လာတာကြောင့် အစိုးရက မိုးအတုတွေ ရွာချစေကာ လေညစ်ညမ်းမှုကို လျှော့ချရန် လုပ်ဆောင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

လေထုညစ်ညမ်းမှုဟာ ခရီးသွားဧည့်သည်တွေ ဝင်ရောက်မှုများပြားတဲ့ နေရာတွေမှာ ပိုမိုဆိုးဝါးနေခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

နောက်ဆက်တွဲရလဒ်အနေနဲ့ ထိုင်းနိုင်ငံတွင်း မျက်နှာဖုံးရောင်းအား နေ့ချင်းညချင်းဆိုသလို မြင့်တက်သွားခဲ့တယ်လို့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ မိုးအတုရွာသွန်းခြင်းတွေကိုတော့ ဘန်ကောက်မြို့မှာ စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဘန်ကောက်အာဏာပိုင်တွေဟာ လေယာဉ်အသုံးပြုပြီး မြို့အနှံ့ မိုးရွာချဖို့ လုပ်ဆောင်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြထားပါသေးတယ်။

လက်ရှိမှာတော့ ကရိန်းကားတွေ အသုံးပြုပြီး မိုးအတုရွာချခြင်း လုပ်ဆောင်နေရတာဖြစ်ပါတယ်။ ထရပ်ကား စီးရေ ၆၀လောက်နဲ့ လမ်းတွေပေါ် အပေါ်ကနေ ဖြန်းချပေးရတာဖြစ်ပြီး ထိုင်းတော်ဝင်တပ်မတော်ရဲ့အကူအညီနဲ့လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။

လေထုတိုင်းတာစစ်ဆေးရေးအဖွဲ့ (PCB)ရဲ့ တိုင်းတာချက်၊ တင်ပြချက်တွေအရ လေထုညစ်ညမ်းမှု ရာခိုင်နှုန်းဟာ ပုံမှန်ဖြစ်နေကျထက် နှစ်ဆတိတိ တက်သွားတယ်လို့ ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံသားတွေဟာ လမ်းပေါ်ကို မျက်နှာဖုံးမတပ်၊ မျက်မှန်မတပ်ဘဲ ထွက်လို့ မနိုင်သေးတဲ့အထိ ဆိုးဝါးနေဆဲပါပဲ။

Ref: Bangkok Post

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်