Advertisements

ဂျာမနီရှိ လေဆိပ်များတွင် တစ်ပြိုင်နက် ဆန္ဒပြ၊ ခရီးသည် ၂ သိန်းကျော် ခရီးစဉ်ရွှေ့ဆိုင်း

ဘာလင် ဇန်နဝါရီ ၁၆

ဂျာမနီရှိ လေဆိပ်ကြီး ၈ခုတွင် ဆန္ဒပြမှုများကို ဇန်နဝါရီ ၁၅ရက်နေ့မှ စတင်၍ တစ်ပြိုင်နက် ပြုလုပ်သွားမည် ဖြစ်ကြောင်းဂျာမနီနိုင်ငံ အလုပ်သမားအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက်တွင် ခရီးသည်ပေါင်း ၂၂၀၀၀၀ကျော်၏ ခရီးစဉ်များကို ရွှေ့ဆိုင်းခဲ့ရသည်။

ဖရန့်ဖွတ်၊ မြူးနစ်နှင့် ဟမ်းဘတ် လေဆိပ်များမှာ အလုပ်သမားများ၏ ဆန္ဒပြမှုကို ဆက်လက်လုပ်ဆောင်သွားရန် အလုပ်သမားအဖွဲ့က ဇန်နဝါရီလ ၁၄ရက်နေ့ကတည်းက အားပေးခဲ့ပြီး ၁၅ရက်နေ့မှ စတင်၍ တစ်ပြိုင်နက် ဆန္ဒပြရန် ထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။

ထိုသို့ကြေညာပြီးနောက် လေယာဉ်ခရီးစဉ်ပေါင်း ၄၇၀ ခုကို ပယ်ဖျက်ခဲ့ပြီး ခရီးသည်များကို အိမ်ပြန်ခိုင်းခဲ့ရသည်ဟု လေဆိပ် တာဝန်ရှိသူများက ပြောသည်။

ဆန္ဒပြမှုများသည် အလုပ်ရှင် အလုပ်သမားကြား လုပ်ခလစာ တိုးမြှင့်ရေးကို ဆွေးနွေးရာမှ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဂျာမနီနိုင်ငံ အလုပ်သမားအဖွဲ့အချုပ်က လေဆိပ်များရှိ လုံခြုံရေးဝန်ထမ်းပေါင်း ၂၃၀၀၀ခန့်၏ လစာကို တစ်နာရီ ယူရို ၂၀ပေးရန် နှင့် လေဆိပ် အထွေထွေလုပ်သားများကို ထောက်ပံ့ကြေးများလုံလောက်အောင်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် ဆွေးနွေးမှု လေးကြိမ်တိုင် ပြုလုပ်ခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိပေ။

အလုပ်ရှင်နှင့် လေဆိပ်အလုပ်သမားများကို ကိုယ်စားပြုသည့် အလုပ်သမားအဖွဲ့တို့၏ ငါးကြိမ်မြောက်ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၃ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်ပလေဆိပ်ခရီးစဉ်များကို ဇန်နဝါရီလကုန်နှင့် ပြည်တွင်းခရီးစဉ်များကို ဇန်နဝါရီ ၂၄ရက်နေ့သို့ ရွှေ့ပြောင်းထားကြောင်း သိရသည်။

Ref: CNN

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်