Advertisements

မလေးရှားရှိ ပြည်နယ်တစ်ခုတွင် ရှီရှားနှင့် ကေတီဗီ ပိတ်ပင်

TAMPA, FL - JULY 12: Aniruddh Nayak, Yukti Ahuja and Anirudh Chaturvedi (L-R) relax together at the Habibi Cafe and Hookah bar in the Ybor City neighborhood on July 12, 2012 in Tampa, Florida. The neighborhood was founded in the 1880s by cigar manufacturers and was populated by thousands of immigrants, mainly from Spain, Cuba, and Italy. The area is expecting more business during the 2012 Republican National Convention being held at the Tampa Bay Times Forum building August 27-30. Republicans are expected to officially pick former Massachusetts Gov. Mitt Romney as their nominee to face President Barack Obama in the November general election. The city will play host 2,286 delegates and 2,125 alternate delegates from all 50 states, the District of Columbia and five territories as well as scores of journalists, guests and protesters. (Photo by Joe Raedle/Getty Images)

ကွာလာလမ်ပူ ဇန်နဝါရီ

မလေးရှားနိုင်ငံရှိ ကယ်လန်တန် ပြည်နယ်တွင် ရှီရှားအသုံးပြုခြင်းနှင့် ကာရာအိုအေ (ကေတီဗီ) လုပ်ငန်းများကို လုံးဝပိတ်ပင်လိုက်သည်။

ထိုသို့ ပိတ်သိမ်းရခြင်းမှာ မူဆလင်လူငယ်များ လူမှုရေးပြဿနာများ ဖြစ်ပွားနိုင်ခြင်းကြောင့်ဖြစ်ကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်သည်။

ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် ပြည်နယ် တစ်ခုတည်းအတွက်သာ ဖြစ်သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ပင်သွားရန်လည်း အစီရင်ခံစာတင်သွင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လူငယ်တွေက ရှီရှားတွေသောက်ကြ၊ မူးကြ၊ သီချင်းဆိုကြနဲ့ နောက်တစ်နေ့မနက်မှာ သူတို့ရဲ့ ကျန်းမာရေးကိုထိခိုက်စေတဲ့အပြင် အခြား နောက်ဆက်တွဲ ဆိုးကျိုးတွေလည်းရှိလို့ ဒီလို ယတိပြတ်ပိတ်ပင်ရခြင်းဖြစ်တယ်”ဟု ဒေသအာဏာပိုင် မစ္စတာ ကိုတာဘဟာရူက ပြောသည်။

ကယ်လန်တန်ပြည်နယ်သည် မလေးရှားအစိုးရအဖွဲ့နှင့် သီးခြားခွဲထွက်ကာ ပြည်နယ် အုပ်ချုပ်ခွင့်ရရှိထားသည့် ဒေသဖြစ်ပြီး အယူသီးသည့် မူဆလင်များ အုပ်ချုပ်ခဲ့သည်မှာ ၁၉၉၀ ခုနှစ်မှ စ၍ ယနေ့တိုင်ဖြစ်သည်။

ပြည်နယ်အစိုးရအဖွဲ့သည် စတင်အုပ်ချုပ်စဉ်ကတည်းက ဘိလိယက်၊ စနူကာများနှင့် ကာရာအိုကေလုပ်ငန်းများ ကို ပိတ်ပင်ခဲ့ပြီး နောက်ပိုင်းတွင် ကာစီနိုနှင့် ဆက်စပ်လုပ်ငန်းများပါ တားဆီးခဲ့သည်။

၂၀၁၅ နောက်ပိုင်းတွင် ကာရာအိုကေလုပ်ငန်းလိုင်စင်များ ပြန်လည် ချထားပေးခဲ့သော်လည်း သီးသန့်အခန်းများ မထားရှိရန် ကန့်သတ်ခဲ့သည်။ ယခုနှစ်တွင်မူ လုံးဝ မလုပ်ကိုင်ရန် ပိတ်ချလိုက်ခြင်းဖြစ်သည်။

ပြည်နယ်အစိုးရအဖွဲ့အနေနှင့် ထိုလုပ်ငန်းများသည် လူငယ်များကို ပျက်စီးစေပြီး ဂျန်ဒါအရ မလုံခြုံမှုများ ရှိနေမည်ဟု ယူဆသဖြင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပြည်နယ်အစိုးရသည် ထိုသို့ ပိတ်ပင်ရန်နှင့် ဆက်စပ်သည့် ဥပဒေ မူဝါဒများကို မလေးရှား ဖက်ဒရယ်ပါလီမန်သို့ တင်ကာ တစ်နိုင်ငံလုံးကို တန်းတူပိတ်ပင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: CNA

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်