Advertisements

တရုတ် ဖိအားပေးမှု ဦးမညွှတ်ဟု ထိုင်ဝမ် ပြော

ထိုင်ဝမ်အနေဖြင့် တရုတ်ပြည်မကြီး၏ ဖိအားပေးမှုများအတွက် မည်သည့်အခါမျှ ဦးညွတ်မည်မဟုတ်သလို ပေကျင်း၏ အထိန်းအကွပ်မဲ့ ပြုမူပုံများကို ဆန့်ကျင်ရန်အတွက် နိုင်ငံတကာအထောက်အပံ့များ ရယူသွားမည်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ အဲလက်စ်ဟောင်က ဇန်နဝါရီ ၁၇ရက်တွင် ပြောဆိုလိုက်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းနိုင်ငံငယ်တစ်ခုဖြစ်လာသည့် ထိုင်ဝမ်အပေါ် နိုင်ငံခြားကုမ္ပဏီများမှ အခေါ်အဝေါ်ပြောင်းလဲရန် တရုတ်ပြည်မကြီး ပေကျင်းက တိုက်တွန်းခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ပြည်မကြီးရဲ့ အထိန်းအကွပ်မဲ့တဲ့ အပြုအမူတွေအတွက် တရားမျှတမှုကို အလိုရှိပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာက အဖွဲ့အစည်းတွေကို တင်ပြပြီး နောက်နောင် ဒီလိုအပြုအမူမျိုး မဖြစ်စေဖို့ သတိပေးသွားပါမယ်” ဟု အဲလက်စ်ဟောင်က ဖြည့်စွက်ပြောသည်။

ပြည်ပ ကုမ္ပဏီများဖြစ်သည့် Apple ၊ Amazon စသည့် ကုမ္ပဏီများက ထိုင်ဝမ်ကို တရုတ်ပြည်မနှင့် မသက်ဆိုင်သော နိုင်ငံတစ်ခုအဖြစ် ညွှန်းဆိုခဲ့သည့်အတွက် တရုတ်ပြည်မမှ ပြည်သူပိုင်သတင်းစာတစ်စောင်က အခေါ်အဝေါ်များ ချက်ချင်း ပြင်ဆင်သင့်ကြောင်း ဗုဒ္ဓဟူးနေ့က သတင်းရေးသားခဲ့သည်။

Pro-Independent Ruling ပါတီမှ အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းယူခဲ့သည့် ၂၀၁၆ မှ စကာ ပေကျင်းသည် ထိုင်ဝမ်ကို သီးခြားနိုင်ငံတစ်ခုအဖြစ် အသိအမှတ်မပြုခဲ့ဘဲ ပြန်လည်ပေါင်းစည်းရန်သာ ဖိအားပေးလျက်ရှိသည်။ လက်ရှိတွင် တရုတ်ပြည်မသည် ထိုင်ဝမ်ကို ဒီမိုကရေစီကျွန်းနိုင်ငံအဖြစ် နိုင်ငံခြားကုမ္ပဏီများ၏ ညွှန်းဆိုကြခြင်းအပေါ်ထိပင် လိုက်လံစောင့်ကြည့် ဖိအားပေးနေကြောင်း သိရသည်။

N.Y Times

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်