ဂျပန်တောင်ပိုင်းတွင် မီးတောင်ပေါက်ကွဲ

ဂျပန်နိုင်ငံတောင်ဘက်ပိုင်း ကူချီနိုအယ်ရာပူ ကျွန်းဆွယ်၌ ဇန်နဝါရီ ၁၇ရက်တွင် မီးတောင်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ကျွန်းဆွယ်တစ်ခုလုံး၏ လေထုထဲတွင် ပြာမှုန့်နှင့် ချော်ရည်စက်များ ပျံ့နှံ့နေကြောင်း သိရသည်။

မီးတောင်ဝမှ မီးခိုးနှင့်ပြာမှုန်များ ၆ကီလိုမီတာခန့်ထိ မှုတ်ထုတ်ခဲ့ပြီး ကြီးမားသော မီးတောင်ပေါက်ကွဲမှု တစ်ခုဖြစ်သည်။ လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှုစာရင်းကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

ကူချီနိုကျွန်းသည် ရှေးယခင်ကတည်းက မီးတောင်ပေါက်ကွဲမှု မကြာခဏဖြစ်လေ့ရှိသည့်နေရာဖြစ်ပြီး ဒေသခံပြည်သူများမှာ ယင်းအန္တရာယ်နှင့် မစိမ်းလှဟု ဒေသခံပြည်သူတစ်ဦးက ဂျပန် အစိုးရပိုင်သတင်းဌာနကို ပြောသည်။ မီးတောင်ပေါက်ကွဲမှုများ မကြာခဏဖြစ်သည့်တိုင် အဆိုပါကျွန်းဆွယ်နေ ဒေသခံ ၁၀၀ကျော်တို့မှာ ကျွန်းကို စွန့်ခွာ တိမ်းရှောင်လိုသူများ မဟုတ်ကြပေ။

ပေါက်ကွဲမှုမဖြစ်ပေါ်မီကပင် မီးတောင်ဝမှ မီးခိုးများ ပြာမှုန်များ အဆက်မပြတ် လွင့်ထွက်လာကြောင်း NHKသတင်းဌာနမှ သတိပေးချက် ထုတ်ပြန်ခဲ့သေးသည်။

လက်ရှိတွင် အန္တရာယ်အဆင့်သုံးအဖြစ် သတ်မှတ်ထားပြီး မီးတောင်နှင့် နှစ်ကီလိုမီတာအတွင်း သွားလာခွင့်မပြုရန် အစိုးရက ကန့်သတ်ထားသည်။

AFP

Leave a Reply