Advertisements

ကုမ္ပဏီနှင့် အဖွဲ့အစည်းများ ယခုလကုန်အမီ မှတ်ပုံ ပြန်တင်ရမည်

ထားဝယ် ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တည်ဆဲ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအနေဖြင့် ဇန်နဝါရီ ၃၁ရက်မတိုင်မီ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဖြင့် မပျက်မကွက် ပြန်လည်မှတ်ပုံတင်ကြရန် ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။

“ဒီလ ၃၁ရက်နေ့အထိပြန်လည်မှတ်ပုံတင်ခြင်းမရှိရင်စနစ် ကနေပယ်ဖျက်မယ်၊၂လလောက်တော့ဒဏ်ကြေးဆောင်ပြီး ပြန်လုပ်ခိုင်းလိမ့်မယ်၊ အဲဒီနောက် ပိုင်းမှာမရှိတော့ဘူး”ဟု ယင်းဌာန တိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူးဒေါက်တာထွန်းထွန်းက ပြောသည်။

မြန်မာနိုင်ငံကုမ္ပဏီများဆိုင်ရာ စည်းမျဉ်းများ ၂၀၁၈ အပိုဒ် ၄(ဂ)တွင် ပြန်လည်မှတ်ပုံတင်ရန်ကာလအတွင်း တည်ဆဲ ကုမ္ပဏီ(သို့)အဖွဲ့အစည်းတစ်ခုသည် အီလက်ထရောနစ် မှတ်ပုံတင်စနစ်တွင် ပြန်လည်မှတ်ပုံတင်ခြင်း မပြုလုပ်ခဲ့ပါက မှတ်ပုံတင်အရာရှိသည် ထိုကုမ္ပဏီ၏အမည်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်နိိုင်ပြီး အဆိုပါအကြောင်းကိစ္စကို နိုင်ငံတော်ပြန်တမ်းတွင်ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်းဖော်ပြထားသည်။

တနင်္သာရီတိုင်းတွင် ကုမ္ပဏီများသည် Onlineမှတစ်ဆင့် မှတ်ပုံတင်ရာတွင် အချက်အလက်အချို့မှားယွင်းစွာ ဖြည့်ခြင်းကြောင့် အဆင်မပြေမှုများ ရှိကြောင်း၊ သို့ဖြစ်၍ ကုမ္ပဏီတာဝန်ရှိသူများက တိုင်းရုံးသို့လာရောက်၍ပြန်လည်မှတ်ပုံတင်ကြရကြောင်း သိရသည်။

တိုင်းအတွင်း မှတ်ပုံတင်ထားသည့်ကုမ္ပဏီ ၅၀၀ကျော်ရှိပြီး အ ဆိုပါရုံးတွင် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဖြင့် ပြန်လည်မှတ်ပုံတင်သည့် ကုမ္ပဏီမှာ ဇန်နဝါရီ ၁၁ရက်အထိ ၁၆၅ခုသာရှိသေးသည်ဟု သိရသည်။

ကုမ္ပဏီများဥပဒေ(၂၀၁၇)နှင့်အညီကျင့်သုံးဆောင်ရွက်သည့် အီလက်ထရောနစ် မှတ်ပုံတင်စနစ်ကို ၂၀၁၈ သြ ဂုတ် ၁ ရက်မှ၂၀၁၉ ဇန်နဝါရီ ၃၁ ရက်ထိ ခြောက်လတာကာလအတွင်း သတ်မှတ်ပုံစံ၊ နည်းလမ်းများအတိုင်း ပြန်လည်မှတ်ပုံတင်ကြရန် အထက်ပါဌာနက ယမန်နှစ် နှစ်လယ်ပိုင်းကတည်းက နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အသိပေးကြေညာထားသည်။

Written by တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်