Advertisements

တိရစ္ဆာန် ကောင်ရေစာရင်း ထုတ်ပြန်

ထားဝယ် ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီးအတွင်း၂၀၁၈ခုနှစ်တွင်ကောက်ယူခဲ့သော တိရစ္ဆာန် ကောင်ရေစာရင်းကိုမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဇန်နဝါရီလ ၁၆ရက်နေ့က ထုတ်ပြန်ခဲ့သည်။
၂၀၁၈ ဇန်နဝါရီလနှင့်ဖေဖေါ်ဝါရီလတွင် တိရစ္ဆာန် ကောင်ရေစာရင်းကို ကောက်ခံခဲ့ပြီး မေလတွင် စီးပွားဖြစ် မွေးမြူရေး ခြံများမှစာရင်းကို ကောက်ခံခဲ့ကြောင်း ယင်းဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူက ပြောကြားသည်။
“၁၉၉၃-၉၄ ကကောက်ခဲ့တယ်၊ အဲဒီနောက်ပိုင်းမှာ မလုပ် ဖြစ်ကြတော့ဘူး၊အခုကျတော့မှ ကောက်ရတာ”ဟု ၎င်းက ဆိုသည်။
ဒေသနွားကောင်ရေ ၆၀ ၀၀၀ ကျော်၊ နို့စားနွားကောင်ရေ၁ ၀၀၀ ကျော်၊ ကျွဲကောင်ရေ ၃၀ ၀၀၀ ကျော်၊ မြင်းကောင်ရေ ၅၀အောက်ကောက်ယူရ ရှိသည်ဟု အထက်ပါရုံးထံမှ သိရသည်။
ထို့အပြင် ဝက်ကောင်ရေ ၉၀ ၀၀၀ကျော်၊ ဆိတ်ကောင် ရေ ၂၀ ၀၀၀အောက်၊ စီးပွားဖြစ်ကြက်ကောင်ရေ ၃သိန်း ခန့်၊တိုင်းရင်းကြက်ကောင်ရေ ၉သိန်းခန့်၊စားကြက်ကောင် ရေ ၄သိန်းခန့်၊အသားစားဘဲကောင်ရေ ၁၀၀၀ခန့်၊ဥစားဘဲ ၂၀ ၀၀၀၀န်းကျင်၊ ငုံးကောင်ရေ ၁၀၀၀ခန့်နှင့်ခွေးကောင်ရေ ၇၁၉၂၁ ကောင် စာရင်းကောက်ယူရရှိသည်ဟု သိရသည်။
တိုင်းအတွင်းမြို့နယ်(၁၀)မြို့နယ်မှရပ်ကွက်(၁၉)ခု၊ကျေး ရွာ(၂၅၀)ရွာတို့မှအိမ်ခြေ၅၀၀၀၀ကျော်ကိုစာရင်းကောက် သူ ၁၀၀၀ ကျော်က စာရင်းကောက်ယူခဲ့ကြောင်း သိရ၏။
ရပ်ကွက် ကျေးရွာများ၏ ၂၀ရာခိုင်နှုန်းကို ကောက်ယူခဲ့ပြီး နောင် ငါးနှစ်တစ်ကြိမ် ထပ်မံ ကောက်ယူသွားမည်ဟု သိရသည်။
တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်