Advertisements

ထားဝယ်ဒေသ ဓါတ်အား အချိန်ပိုင်း ပြတ်တောက်မည်

ထားဝယ် ဇန်နဝါရီ
ဇောတိက သဘာဝဓါတ်ငွေ့ ပိုက်လိုင်း ကြံ့ခိုင်ရေးပြုလုပ်ရန် ဇန်နဝါရီလ၂၀မှ၂၉ရက်အကြား ဓါတ်ငွေ့ပို့လွှတ်မှု ရပ်နားထားမည်ဖြစ်၍ ဓါတ်ငွေ့ပို့လွှတ်မှု စတင်ရပ်နားသည့် ဇန်နဝါရီ၂၀ နှင့်၂၁ရက်တို့တွင် ထားဝယ်ဒေသအတွင်း ဓါတ်အား အချိန်ပိုင်း ပြတ်တောက်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။
ဓါတ်ငွေ့ပို့လွှတ်မှုရပ်နားချိန်တွင် ပိုက်လိုင်းအတွင်းရှိ လက်ကျန်ဓါတ်ငွေ့ဖြင့် စက်လည်ပတ်နေမည်ဖြစ်ပြီး ဓါတ်ငွေ့ကုန်ချိန်နှင့် ဇန်နဝါရီ၂၁ရက်တွင် ရတနာသဘာဝဓါတ်ငွေ့ဖြင့် စက်လည်ပတ်နိုင်ရန် စက်ကို ချိန်ညှိနေစဉ် ဒီဇယ်စက်ဖြင့် အလှည့်ကျ ဓါတ်အားဖြန့်ဖြူးပေးမည်ဖြစ်၍ ယင်းအချိန်တွင် အချိန်ပိုင်းဓါတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲမင်းထက်က ပြောသည်။
“စက်ချိန်နေစဉ်မှာ ဒီဇယ်(ဒီဇယ်စက်)နဲ့ဝင်ခုပေးမယ်၊ ကနဦးကြေးနန်းသတင်းအရ ဆိုရင်တော့ တစ်ရက်လုံး လုံး၀ ပြတ်တောက်သွားမှာမဟုတ်ဘူး၊ အချိန်ပိုင်းလောက်ပဲ” ဟု ၎င်းကဆိုသည်။
ထိုမျှသာမက ဓါတ်ငွေ့ ပြန်လည်ပို့လွှတ်နိုင်သည့် နေ့ရက်တွင်လည်း စက်အားချိန်ညှိရမည်ဖြစ်၍ ယင်းအချိန်တွင်ပါ တဖန်ထပ်မံ၍ ဓါတ်အားအချိန်ပိုင်းပြတ်တောက်မည်ဟု သိရသည်။
လက်ရှိအချိန်တွင် ထားဝယ်မြို့ဓါတ်အားသုံးစွဲမှုမှာ ၉ ဒသမ ၆ မီဂါဝပ်ရှိပြီးထားဝယ်ဓါတ်အားခွဲရုံရှိဒီဇယ်စက်၁၂လုံး နှင့် တိုင်းလျှပ်စစ်ဝင်းရှိ ဒီဇယ်စက် ၁ လုံးတို့မှ ဓါတ်အား ၅ ဒသမ ၅ မီဝါဝပ်သာထုတ်လုပ်နိုင်ကြောင်း သိရသည်။
ထားဝယ်ခရိုင်အတွင်းရှိလောင်းလုံး၊သရက်ချောင်း၊ရေ ဖြူနှင့် မေတ္တာမြို့တို့တွင် တပ်ဆင်ထားသော ဒီဇယ်စက် ၅လုံးစီမှ ဓာတ်အား ၁၀မီဝါဝပ်ခန့် ထုတ်လုပ်နိုင်သည်ဟု သိ ရသည်။
ထားဝယ်ခရိုင်အတွင်းလျှပ်စစ်ဓါတ်အားသုံးစွဲမှုအများဆုံးအချိန်တွင် ၁၅ဒသမ ၁ မီဂါဝပ်သုံးစွဲပြီး ပုံမှန်အချိန်တွင် ၁၄ ဒသမ ၇၈ မီဝါဝပ်သုံးစွဲသည်ဟု ဦးရဲမင်းထက်က ပြောသည်။
ယခုအချိန်တွင် ဇောတိကသဘာဝဓါတ်ငွေ့ဖြင့် GGS ကုမ္ပဏီမှ ထားဝယ်ခရိုင်၊ကံဘောက်ဒေသရှိ သဘာဝဓာတ် ငွေ့ထုတ်လုပ်သည့်စက်ဖြင့်ဓါတ်အားထုတ်လုပ်ပြီး ထား ဝယ်ဒေသအတွင်းသို့ ဓါတ်အားဖြန့်ဖြူးပေးလျက်ရှိသည်။
တင့်လွင်

 

 

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်