Advertisements

ဂြိုလ်တုခုနစ်လုံးပါ ဒုံးပျံသစ်တစ်စင်း ဂျပန် လွှတ်တင်

တိုကျို ဇန်နဝါရီ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာရိုရှီးမားရှိ ယူချီနိုရာအာကာသစခန်းမှ ဂြိုလ်တုငယ်ခုနှစ်လုံးတင်ဆောင် သည့် ဒုံးပျံတစ်စင်းကို ဇန်နဝါရီ ၁၈ရက် ညပိုင်းတွင် လွှတ်တင်ခဲ့သည်။

အဆိုပါ ဒုံးပျံကို ဂျပန်အာကာသလေ့လာရေး အေဂျင်စီ (ဂျေအေအတ်စ်အေ) က ဂျပန်ယန်း ၅ဒသမ ၅ဘီလီယံ အကုန်ကျခံကာတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ် လွှတ်တင်အောင်မြင်ခြင်းလည်း ဖြစ်သည်။  ဒုံးပျံကို စတင်လွှတ်တင်ပြီး မိနစ်ငါးဆယ်ခန့်တွင် ၅၁၄ ကီလိုမီတာအမြင့်ရှိ ဂြိုလ်ပတ်လမ်းအတွင်း အောင်မြင်စွာရောက်ရှိခဲ့ပြီး ဂြိုလ်တုသေးများကို တစ်ခုပြီးတစ်ခု လွှင့်ထုတ်နိုင်ခဲ့သည်။

ဂျပန်အာကာသလေ့လာရေး အေဂျင်စီ (ဂျေအေအတ်စ်အေ)သည် ကမ္ဘာပတ်လမ်းအတွင်း ဂြိုလ်တုများကို လွှတ်တင်ရင် တည်ဆောက်လာခဲ့သည်မှ ဆယ်စုနှစ်တစ်စုကြာခဲ့ပြီဖြစ်သည်။ ၂၀၁၃ခုနှစ်က အပ်စီလွန်ဝမ်းဒုံးပျံ ကိုလွှတ်တင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ယခုလွှတ်တင်လိုက်သော ဒုံးပျံသည် အရှည် ၂၆မီတာရှိပြီး ဂြိုလ်တုခုနှစ်လုံးကို နေရာတကျ အာကာသထဲသို့ လွှတ်ထုတ်ပေးမည်ဖြစ်သည်။ ဂြိုလ်တုများတွင် ကင်မရာနှင့် ပစ္စည်းကရိယာများပါဝင်ပြီး ၎င်းတို့မှတစ်ဆင့် ရုပ်သံလွှင့်ပေးနိုင်မည်ဖြစ်သည်။

အေဂျင်စီသည် ကမ္ဘာပတ်လမ်းအတွင်း ဂြိုဟ်တုငယ်များ ကုန်ကျစရိတ်အနည်းဆုံးဖြင့် လွှတ်တင်သွားရန် ရည်ရွယ်၍ အပ်စီလွန်ဒုံးပျံများကို ၂၀၁၀ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့သည်။ ထို့နောက် ဒုတိယခြေလှမ်းအဖြစ် ဂြိုလ်တုအကြီးတစ်လုံးကို ၂၀၂၀ခုနှစ်အတွင် ထပ်မံလွှင့်တင်သွားရန် လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

NHK

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်