Advertisements

ကိုလံဘီယာရှိ အရာရှိသင်တန်းကျောင်းတစ်ခုတွင် ကားဗုံးပေါက်ကွဲ၊ ၂၁ဦးသေ

ကိုလံဘီယာနိုင်ငံ ဘိုကိုတာမြို့ရှိ အရာရှိသင်တန်းကျောင်းတစ်ခုတွင် ရာထူးတိုးမြှင့်ပေးသည့် အခမ်းအနားကျင်းပနေစဉ်  ဇန်နဝါရီ ၁၇ရက်က ကားဗုံးပေါက်ကွဲမှုဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပေါက်ကွဲရေးပစ္စည်း ၈၀ ကီလိုဂရမ် တင်ဆောင်လာသော ကားတစ်စီးကို အသုံးပြုကာ ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ကိုလံဘီယာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါပေါက်ကွဲမှုတွင် ကားဗုံးပေါက်ကွဲအား အသေခံလုပ်ဆောင်သည်ဟု သံသယရှိသူတစ်ဦးအပါအဝင် လူပေါင်း ၂၁ဦး သေဆုံးခဲ့ပြီး ၆၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။  လက်ရှိတွင်  အသေခံဗုံးဖောက်ခွဲသည်ယူဆရသော Hosay Eddie Demaro Jaeo နှင့် ဆက်စပ်နေသောသူများကို စစ်ဆေးနေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

ယခုကားဗုံးပေါက်ကွဲမှုသည် ကိုလံဘီယာ နိုင်ငံ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော ကားဗုံးပေါက်ကွဲမှု ဖြစ်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ကိုလံဘီယာသမ္မတမှ ပိတ်ရက်သုံးရက် သတ်မှတ်ပေးကာ သေဆုံးသွားသူများ၏ မိသားစုဝင်များထံ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့သည်။

Channel News Asia

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်