Advertisements

အမေရိကန်နှင့် မြောက်ကိုရီးယား ထိပ်သီးတွေ့ဆုံပွဲ လက်ခံကျင်းပပေးရန် ဗီယက်နမ် သဘောတူ

ဗီယက်နမ်နိုင်ငံအနေဖြင့် အမေရိကန်သမ္မတ Donald Trumpနှင့် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့တွေ့ဆုံမည့် ဒုတိယမြောက် Trump-Kim ထိပ်သီးတွေ့ဆုံပွဲကြီးကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပေးရန် သဘောတူညီကြောင်း ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc မှ ဇန်နဝါရီ ၁၈ရက်တွင် ပြောကြားလိုက်သည်။

မြောက်ကိုရီးယားထိပ်တန်းအရာရှိများအနက် တစ်ဦးဖြစ်သော Kim Yong Cholသည်  ထိပ်သီးတွေ့ဆုံပွဲ ပဏာမအဖြစ် နှစ်ဖက်တွေ့ဆုံရန်လိုအပ်သော အချက်အလက်များကို အမေရိကန်သမ္မတTrumpနှင့် သောကြာနေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယခုတစ်ကြိမ်တွေ့ဆုံပွဲသည် ယမန်နှစ်  စင်ကာပူက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပေးခဲ့သော ထိပ်သီးအစည်းအဝေး၏ အဆက်ဖြစ်ပြီး အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ တွေ့ဆုံကာ ကိုရီးယားကျွန်းဆွယ်အတွင်း နျူကလီးယား လက်နက်လျော့ချရေးနှင့် လက်နက်ပပျောက်စေမည့် အကြောင်းအရာများ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Channel News Asia

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်