Advertisements

ဘာလီဗုံးကွဲမှု ဦးဆောင်သူ အစွန်းရောက် ဘာသာရေးခေါင်းဆောင် လွတ်ငြိမ်းချမ်းသာခွင့်ရ

ဘာလီဗုံးကွဲမှုတွင် နောက်ကွယ်မှ ကြိုးကိုင်ဦးဆောင်ခဲ့သည့် အစွန်းရောက် ဘာသာရေးခေါင်းဆောင် Abu Bakar Bashir အား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ Joko Widodoက ဇန်နဝါရီ၁၈ရက်တွင် ပြောကြားခဲ့သည်။

အကြောင်းရင်းမှာ လူသားချင်းစာနာ နားလည်သောကြောင့်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ထို့အပြင် “သူ့ အသက်အရွယ်က အရမ်းကြီးနေပြီ။ ကျန်းမာရေးလည်း မကောင်းတော့ဘူး “ဟု သမ္မတက ထပ်မံပြောသည်။

လက်ရှိ အသက် ၈၀ အရွယ် Abu Bakar Bashir သည် လွန်ခဲ့သော ၂၀၀၂ ခုနှစ်က ဟောလီဒေးကျွန်းပေါ်၌ ဖြစ်ပွားခဲ့သော ဘာလီဗုံးပေါက်ကွဲမှုတွင် ဦးဆောင်ပါဝင်ခဲ့ပြီး အကြမ်းဖက်အုပ်စု Jemaah Islamiyah (JI)နှင့် အဆက်အသွယ်ရှိနေသည် ဟူသော စွပ်စွဲချက်ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံခဲ့ရသူ ဖြစ်သည်။

အဆိုပါဗုံးပေါက်ကွဲမှုသည် အင်ဒိုနီးရှားတွင် အစုလိုက်အပြုံလိုက် သေဆုံးမှုများထဲမှ အဆိုးရွားဆုံးဖြစ်စဉ် တစ်ခုဖြစ်ပြီး လူ၂၀၀ခန့် သေဆုံးခဲ့ရသည်။ သေဆုံးသူအများစုမှာ အင်ဒိုနီးရှားသို့ လာရောက် လည်ပတ်သော နိုင်ငံခြားသားများ ဖြစ်သည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့်ရက်ကို မကြေညာရသေးသော်လည်း Abu ၏ရှေ့နေ ပြောစကားများအရ လာမည့် သီတင်းပတ် အစောပိုင်းခန့်တွင် ဖြစ်ဖွယ်ရှိကြောင်း သိရသည်။

Channel News Asia

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်