Advertisements

မွန်ပြည်နယ်အသင်း အုပ်စု ပထမဖြင့် ကွာတားဖိုင်နယ် တက်

မော်လမြိုင် ဇန်နဝါရီ ၁၈

ဇန်နဝါရီ ၉ ရက်မှ စတင် ၍ နေပြည်တော်၌ ကျင်းပလျက်ရှိသည့် အသက် ၂၁ နှစ်အောက် ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲတွင် မွန်ပြည်နယ် အသင်းသည် အုပ်စု ပထမဖြင့် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သည်။

မွန်ပြည်နယ်အသင်းသည် အုပ်စု(ခ)တွင် နေပြည်တော် ၊ ပဲခူး၊ မန္တလေးတို့နှင့် တွေ့ဆုံခဲ့ပြီး၊ ရဂိုး ၅ ဂိုး ပေးဂိုး ၄ ဂိုးဖြင့် အုပ်စု ပထမနေရာကို ရရှိခဲ့ခြင်း ဖြစ်သည်။

အုပ်စုအဆင့်တွင် နေပြည်တော်နှင့် ယှဉ်ပြိုင်ရာတွင် တစ်ဖက် တစ်ဂိုးစီဖြင့် သရေ၊ ပဲခူးတိုင်းကို နှစ် ဂိုး တစ်ဂိုးဖြင့် အနိုင်ယူခဲ့ကာ၊ မန္တလေးအသင်းကို တစ်ဖက် နှစ်ဂိုး စီဖြင့် သရေ ရလဒ်ကို ရယူနိုင်ခဲ့ပြီး အုပ်စု တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

အုပ်စု(ခ)၏ အုပ်စု ဒုတိယနေရာကိုတော့ နေပြည်တော်အသင်းက ရရှိခဲ့ပြီး ကွာတားဖိုင်နယ်ကို မွန်ပြည်နယ်အသင်းနှင့်အတူ တက်လှမ်းနိုင်ခဲ့သည်။

ဇန်နဝါရီ ၁၉ ရက်က ကစားမည့် ကွာတားဖိုင်နယ် ပွဲစဉ်မှာတော့ ဧရာဝတီတိုင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

“မနှစ်ကတော့ ဖိုင်နယ်အထိတက်ရောက်ထားတယ် ဒီနှစ်မှာတော့ စိတ်ဓာတ်ကောင်းတဲ့ လူသစ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားလို့ ရလဒ်ကောင်းတစ်ခုတော့ ရဦးမှာပါ”ဟု မွန်ပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်ဇော်က ဆိုသည်။

မွန်ပြည်နယ်အသင်းသည် ယမန်နှစ်က အဆိုပါ ပြိုင်ပွဲတွင် ဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ပြီး၊ ကယားပြည်နယ်အသင်းအား ရှုံးနိမ့်ပြီး ဒုတိယဆုနှင့်သာ ကျေနပ်ခဲ့ရသည်။

လျှမ်းထက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်