Advertisements

တရားမဝင် လောင်စာဆီပိုက်လိုင်းပေါက်ကွဲမှုကြောင့် မက္ကဆီကိုတွင် လူ၂၁ ဦး သေဆုံး

မက္ကစီကို ဇန်နဝါရီ
မက္ကစီကိုနိုင်ငံအလယ်ပိုင်း ဟီဒန်ကိုပြည်နယ်တွင် တရားမဝင် လောင်စာဆီပိုက်လိုင်းတစ်ခု ဇန်နဝါရီ ၁၉ ရက်က မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၂၁ဦးသေဆုံးကာ ၇၀ကျော် ဒဏ်ရာရရှိခဲ့သည်။
မီးလောင်ပေါက်ကွဲရာနေရာသို့ မက္ကဆီကိုသမ္မတလိုပက်ဇ် အိုဘရာဒိုကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့ပြီး နိုင်ငံအတွင်းရှိ ဆီပိုက်လိုင်းများကို ယာယီ ပိတ်ထားကြောင်း သမ္မတရုံးမှ တရားဝင် ကြေညာထားသည်။ ဆီပိုက်လိုင်းများကို အသေးစိတ်စစ်ဆေးပြီး စိတ်ချရမှသာပြန်လည်ဖွင့်ပေးမည်ဖြစ်ကာ စစ်ဆေးချိန် တစ်လခန့်ကြာမည်ဖြစ်ကြောင်း သိရသည်။
သမ္မတလိုပက်ဇ်သည် မီးလောင်ခံခဲ့ရသည့် ပြည်သူများအတွက် အလွန်အမင်းဝမ်းနည်းကြောင်း သူ၏ ကိုယ်ပိုင် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တင်ထားခဲ့သည်။
“ပိုက်လိုင်းနဲ့ဆက်စပ်တဲ့ တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်ထားပြီး နစ်နာသူတွေအတွက်လည်း ထိုက်သင့်တဲ့ ရပိုင်ခွင့်ရရှိစေဖို့ ဆောင်ရွက်သွားမယ်”ဟု ရေးသားထားသည်။
၂၀၁၈ ဒီဇင်ဘာလမှ စတင်ကာ မက္ကစီကိုသမ္မတဦးဆောင်သည့် အစိုးရအဖွဲ့သည် မက္ကစီကိုနိုင်ငံအတွင်း တရားမဝင်လောင်စာဆီ ရောင်းချမှု များကို ပြင်းပြင်းထန်ထန် အရေးယူခဲ့ပြီး လက်ရှိ ဆောင်ရွက်နေဆဲကာလ တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုသည် ဆီပိုက်လိုင်း အက်ကြောင်းမှ ဆီများယိုစိမ့်နေစဉ် အနီးအနားမှ လူများမှ ခိုးယူကြရာမှ တစ်ဆင့် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှု ဖြစ်ပွားနေစဉ်အတွင်း ပတ်ဝန်းကျင်ရှိလူများက ဗီဒီယို ရိုက်ကူး ခဲ့သဖြင့် ခိုးယူသည့်တရားခံများအပါအဝင် ဆီပိုက်လိုင်းလုပ်ဆောင်သည့် ကုမ္ပဏီကိုပါ အရေးယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ။

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်