Advertisements

ဘားအံတွင် နေသူ မော်လမြိုင်ရှိ စားသောက်ဆိုင်တွင် မူးယစ်ဆေးနှင့်အတူ ဖမ်းမိ

မော်လမြိုင် ဇန်နဝါရီ

မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက် ရာဇဓိရာဇ်လမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ရောက်နေသူ တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀ ပြားနီးပါးကို မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစုမှ ရဲတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၉ ရက် ည ၈ နာရီခန့်တွင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါဆိုင်မှ ငွေလာအမည်ရှိ အခန်းထဲတွင် သတင်းအရ ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေခဲ့ရာ နေလင်းအောင် (ခ) သားငယ် ဆိုသူကို တွေ့ရ၍ စိစစ်ရှာဖွေခဲ့ရာ ဂျင်းဘောင်းဘီရှည် အိတ်ကပ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၉ ပြားနှင့် ရှေ့စားပွဲပေါ် တစ်ရှုးစက္ကူဗူးအတွင်းမှ အလားတူ ဆေးပြား ၅၅၉ ပြား၊ စုစုပေါင်း ၆၆၈ ပြား ရှာဖွေတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက ပြောသည်။

သို့ဖြစ်၍ နေလင်းအောင် (၃၆ နှစ် ၊ ဘားအံမြို့ အမှတ် (၃) ရပ်ကွက်နေ) ကို မြိုင်သာယာနယ်မြေရဲစခန်း၌ မယ (ပ) ၂/ ၂၀၁၉၊ မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) အရ အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်