Advertisements

မြောက်ကိုရီးယား သံအဖွဲ့ တရုတ်သို့ ချစ်ကြည်ရေး ခရီး သွားရောက်မည်

မြောက်ကိုရီးယား အနုပညာရှင်အဖွဲ့သည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ဇန်နဝါရီ ၂၃ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းစာက ထုတ်ပြန်ကြေညာသည်။

အလုပ်သမားပါတီ၏ ဗဟိုကော်မတီအမှုဆောင် Ri Su Yongက ယင်းအဖွဲ့ကို ဦးဆောင်မည်ဟု သိရပြီး အသေးစိတ်အချက်အလက်များကိုမူ မထုတ်ပြန်ပေးသေးကြောင်း ရှင်းဟွာသတင်းဌာနမှ ကြေညာထားသည်။

တရုတ်သည် မြောက်ကိုရီးယားနှင့် မဟာမိတ်သက်တမ်းကြာမြင့်ခဲ့ပြီ ဖြစ်သည့် နိုင်ငံတစ်ခုဖြစ်ပြီး မြောက်ကိုရီးယား၏ နိုင်ငံရေးပြောင်းလဲမှုများအပေါ် အတော်အတန် သြဇာညောင်းသော နိုင်ငံလည်းဖြစ်သည်။

လွန်ခဲ့သည့်လအတွင်းကလည်း မြောက်ကိုရီးယာခေါင်းဆောင် Kim Jong Unမှာ တရုတ်သမ္မတJing Xi Pingနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Channel News Asia

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်