Advertisements

ဖဲရှုံးသဖြင့် ဇနီး ငါးယောက်ကို အပေါင်ထားခဲ့သည့် ဆော်ဒီမင်းသား

ဆော်ဒီအာရေဗျနိုင်ငံ တော်ဝင်မိသားစုဝင် မင်းသား Prince Majed bin Abdullah bin Abdulaziz Al Saudသည် ဖဲကြွေး ဒေါ်လာ ၂၅ သန်း တန်ဖိုးဖြတ်ကာ မယားငါးယောက်ကို ပေါင်နှံခဲ့သည်ဟု ကာစီနိုမှ ဒါရိုက်တာတစ်ဦးဖြစ်သည့် Ali Shamoon က ပြောသည်။

၎င်းမင်းသားသည် မူးယစ်သောက်စားမှုနှင့် လောင်းကစားဝါသနာထုံမှုတွင် လူသိများသူ ဖြစ်သည်။ အီဂျစ်နိုင်ငံအတွင်းမှ Sinai Grand အမည်ရှိ ကာစီနိုဝိုင်းတစ်ခုတွင် ပိုကာ ကစားခဲ့ရာ ခြောက်နာရီအတွင်း အမေရိကန်ဒေါ်လာ ၃၅၉ သန်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ သို့သော် ထိုမျှနှင့်မကျေနပ်နိုင်သေးဘဲ ဇနီး ကိုးဦးရှိသည့်အနက် ငါးဦးကို ပေါင်နှံကာ ဆက်လက်၍ ဖဲရိုက်ရာ ထပ်မံ ရှုံးခဲ့ပြန်သည်။

ကြင်ယာကို ပေါင်နှံခြင်း၊ ရောင်းချခြင်းမှာ ရှားပါးလုပ်ရပ် ဖြစ်သည့်တိုင် အရှေ့အလယ်ပိုင်းနိုင်ငံအချို့တွင် တရားဝင်နေဆဲဖြစ်သည်။

မင်းသား အပေါင်ဆုံးခဲ့သော ဇနီးများကို ဆော်ဒီအသိုင်းအဝိုင်းမှ တစ်ဦးဦးက ပြန်ဝယ်ယူပြီး လာမည့် သီတင်းပတ်များအတွင်း ဆော်ဒီအာရေဗျသို့ ပြန်လည် ခေါ်ယူလိမ့်မည်ဖြစ်ကြောင်း အကဲဖြတ်များက ခန့်မှန်းနေကြသည်။

အကယ်၍ ဆော်ဒီက ပြန်လည် မဝယ်ယူခဲ့ပါက ၎င်းဇနီး ၅ယောက်မှာ ယီမင် သို့မဟုတ် ကာတာတွင် လေလံတင် ရောင်းချခံရဖွယ် ရှိသည်။

World News Daily

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်