Advertisements

ကမ္ဘာ့ ၅၂ ဦးမြောက် အချမ်းသာဆုံး ဖိလစ်ပိုင်သူဌေးကြီး ကွယ်လွန်

ဖိလစ်ပိုင် ဇန်နဝါရီ ၂၀

တရုတ်လူမျိုးဖြစ်ပြီး တရုတ်မှ ဖိလစ်ပိုင်သို့ ရွှေ့ပြောင်းအခြေချချိန်တွင် လက်ဗလာဘဝမှ ဘီလျံနာဖြစ်လာကာ ဖိလစ်ပိုင်တွင် အချမ်းသာဆုံး သူဌေးကြီး ဖြစ်လာသည့် Henry Sy ဇန်နဝါရီ ၁၉ရက်တွင် ကွယ်လွန်သွားကြောင်း သိရသည်။ ကမ္ဘာ့ ၅၂ ဦးမြောက် အချမ်းသာဆုံးသူဌေးလည်း ဖြစ်သည်။

ကွယ်လွန်ချိန်၌ အသက် ၉၄ နှစ် ရှိနေပြီ ဖြစ်ပြီး ယင်းနေ့ နံနက်အစောပိုင်းက အိပ်ပျော်နေစဉ်အတွင်းမှာပင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်ဟု ကျန်ရစ်သူမိသားစုက ပြောသည်။

တရုတ်နိုင်ငံ ရှာမန်ဇာတိဖြစ်သည့် ၎င်း၏ အဓိကလုပ်ငန်းမှာ Shopping Centreများ ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး Shopping Mall အချို့ကို ပိုင်ဆိုင်ကြောင်း သိရသည်။

ထို့အပြင် ဟိုတယ်များ၊ ဘဏ်များနှင့် အိမ်၊ ခြံ၊ မြေ လုပ်ငန်းများလည်း ပါဝင်ပြီး ပိုင်ဆိုင်မှု ဒေါ်လာ ၁၉ ဘီလီယံ ရှိသည်ဟု ဆို၏။

Henry Syသည် လုပ်ငန်းစု၏ ဥက္ကဋ္ဌနေရာမှ ၂၀၁၇ ခုနှစ်ကတည်းက စွန့်ခွာခဲ့ပြီး လုပ်ငန်းစု ဆက်လက်လည်ပတ်အောင် တိုးတက်အောင် ၎င်း၏ မျိုးဆက်သစ်များက ဆောက်ရွက်လျက် ရှိကြသည်။

ကွယ်လွန်ချိန်တွင် ကျန်ရစ်ခဲ့သည့် ပိုင်ဆိုင်မှုအမွေများကို သေတမ်းစာပါအတိုင်း ရှေ့နေရှေ့ရပ်များနှင့် ခွဲဝေ ဆောင်ရွက်သွားမည်ဟု သိရသည်။

Channel News Asia

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်