Advertisements

အစ္စရေးအားကစားသမားများကို ပိတ်ပင်သည့်ကိစ္စ မလေးရှား ဝန်ကြီးချုပ် ပြော

 

၂၀၂၀ နှစ်ကုန်ပိုင်းတွင် မလေးရှား၌ ကျင်းပမည့် Tokyo 2020 Paralyumpicတွင် အစ္စရေးအားကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို မလေးရှားက ပိတ်ပင်ထားသည့် ကိစ္စနှင့်ပတ်သက်၍ မလေးရှား ဝန်ကြီးချုပ် Mahathir Mohamad က ဇန်နဝါရီ ၂၂ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်၏ အမေရိကန် – မက္ကစီကို နယ်ခြား တံတိုင်းတည်ဆောက်မည့် ကိစ္စနှင့် နှိုင်းယှဉ် ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အခုဆိုရင် အမေရိကန်ဟာ မက္ကဆီကိုတွေနိုင်ငံထဲ ဝင်ရောက်မလာစေဖို့ တံတိုင်းကြီးတွေ ဆောက်ကာ ကာကွယ်လျက်ရှိနေပါတယ်။ ကျွန်တော်တို့ အနေဖြင့်လည်း အမေရိကန်တွေကို အတုယူသင့်တယ်လို့ ထင်ပါတယ်။ အခုအချိန်ကစပြီး ကျွန်တော်တို့နိုင်ငံအတွက် အကျိုးမလိုလားသူမှန်သမျှကို နိုင်ငံတွင်း ပေးဝင်ရန် ခွင့်မပြုသင့်တော့ပါ” ဟု Mahathir Mohamad က ပြောသည်။

Tokyo 2020 Paralyumpic အားကစားပြိုင်ပွဲတွင် အစ္စရေးန်ုင်ငံမှ ရေကူးသမားအား ပါဝင်ယှဉ်ပြိုင်ခွင့်မပေးနိုင်ကြောင့် မကြာသေးမီအချိန်က ထုတ်ပြန်ကြေညာထားသည်။

“နိုင်ငံတိုင်းမှာ နိုင်ငံခြားသားပြည်ဝင်ခွင့်အား လက်ခံခွင့်ရော ငြင်းဆန်ခွင့်ရောရှိပါတယ်” ဟု ဗီယင်နာတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မဟာသီယာမိုဟာမက်က ပြောသည်။

Channel News Asia

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်