Advertisements

ဟွာဝေး တည်ထောင်သူသမီးကို ဖမ်းဆီးထားသည်မှာ လုပ်ထုံးလုပ်နည်းနှင့် သွေဖည်နေကြောင်း တရုတ်အစိုးရဝေဖန်

တရုတ် နည်းပညာကုမ္ပဏီ Huawei အမှုဆောင်ဒါရိုက်တာလည်းဖြစ်၊ တည်ထောင်သူ၏ သမီးလည်းဖြစ်သူ Meng Wangzhou ကို ဖမ်းဆီးထားခြင်းကြောင့် အမေရိကန်နှင့် ကနေဒါတို့သည် တရုတ်နှင့် သဘောတူညီထားမှုအပေါ် ချိုးဖောက်ရာ ရောက်နေကြောင်း တရုတ်အစိုးရက ဇန်နဝါရီ ၂၂ တွင် ဝေဖန်ပြောဆိုသည်။

ပြစ်မှုကျုးလွန်သူကို သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရေးဟူသော အချက်အပေါ် ချိုးဖောက်ရာကျသည်ဟု ဆို၏။

နိုင်ငံခြား ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hua Chunying က ထိုကိစ္စတွင် ကနေဒါနိုင်ငံက လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း တရုတ်နိုင်ငံ၏ အမြင်အရမူ လုပ်ရိုးထုံးစံများမှ သွေဖည်နေကြောင်း ဝေဖန်ခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် Meng Wangzhou ကို ပြန်လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။

ကနေဒါ၏ လုပ်ဆောင်ချက်များမှာ လမ်းမှားဘက်သို့ ဦးတည်နေသည်ဟု တရားရေးရာအမြင်ရှိသူ၊ သမာသမတ်ကျကျ ဆုံးဖြတ်တတ်သူမှန်သမျှက တွေးတောကြလိမ့်မည် ဖြစ်ကြောင်းလည်း Hua Chunying က ဖြည့်စွက်ပြောကြားခဲ့သေးသည်။

အမေရိကန်နိုင်ငံကမူ ယင်းကိစ္စကို လုပ်ရိုးလုပ်ထုံးများအတိုင်း စစ်ဆေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Globe and mail သတင်းစာတွင် ဖော်ပြထားသည်။

Channel News Asia

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်