Advertisements

မြဝတီနယ်စပ်ဂိတ် ပြည်ပခရီးသွား အဝင်အထွက် မြင့်တက်ခဲ့

မြဝတီ ဇန်နဝါရီ

မြန်မာ – ထိုင်း နယ်စပ် မြဝတီ အဝင်အထွက်ပေါက်မှ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား   ဗီဇာပါရှိသော ပတ်စ်ပို့ စာအုပ်ဖြင့် ဝင်ရောက်လည်ပတ်မှုမှာ ယခင်နှစ်ကထက် ၂၀၁၈ ခုနှစ်တွင်  ပိုမို မြင့်တက်ခဲ့ကြောင်း မြဝတီ ချစ်ကြည်ရေး တံတား တာဝန်ရှိသူများထံမှ သိရသည်။

၂၀၁၈ ခု နှစ်အတွင်း ထိုင်းဘက်ခြမ်း မဲဆောက်မှ သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ မြန်မာဘက်ခြမ်း မြဝတီလမ်းကြောင်းမှတစ်ဆင့် နိုင်ငံအတွင်းသို့  တရားဝင် ဝင်ရောက် လည်ပတ်သူ ကမ္ဘာလှည့် ခရီးသွား တတိယနိုင်ငံသား အမျိုးသား အမျိုးသမီး ၁၃၄၅၈ ဦး ရှိခဲ့ကြောင်း သိရသည်။

ယင်းလမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသူ နိုင်ငံခြား(တတိယနိုင်ငံ)သား ၁၂၂၃၂ ဦး ရှိခဲ့သည်။ တတိယ နိုင်ငံသား များ အပြင် ထိုင်း နိုင်ငံသား ၆၀၃၁ဦး၊  မြန်မာ နိုင်ငံသား ၁၄၆၃၉ဦးပါ ဝင်ရောက်ခဲ့၍ စုစုပေါင်း ၃၄၁၅၅ ဦး ဝင်ရောက်ခဲ့ ကြောင်းသိရသည်။

ထို့အတူ နှစ်အလိုက်ဝင်ရောက်လည်ပတ်ခဲ့ သော စာရင်းများ အရ နိုင်ငံ တကာ ဝင်ထွက်ပေါက်အဖြစ် ဖွင့် လှစ်ခဲ့သည့် ၂၀၁၃ ခုနှစ် အတွင်းက မြန်မာ၊ ထိုင်း နှင့်တတိယ နိုင်ငံသား စုစုပေါင်း ၁၆၃၉ ဦး ၊ ၂၀၁၄ ခုနှစ်တွင် ၁၂၅၆၄ ဦး၊ ၂၀၁၅ ခု နှစ်တွင် ၁၀၈၆၈ ဦး၊၂၀၁၆ ခုနှစ်တွင် ၂၈၈၉၂ ဦး၊၂၀၁၇ ခုနှစ်တွင် ၂၄၇၁၇ ဦး နှင့် ၂၀၁၈ ခု နှစ် အတွင်း အများဆုံး ဖြစ်ကာ ၃၄၁၅၅ ဦး ဝင်ရောက်ခဲ့ ကြောင်းသိရသည်။

ထို့အပြင် မြန်မာ နိုင်ငံ မြဝတီနယ်စပ်ဂိတ်မှ ထိုင်း နိုင်ငံသို့ ထွက်ခွာမှုမှာ မြန်မာ နိုင်ငံသား အများဆုံး ဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်းက မြန်မာနိုင်ငံသား ၂၈၉၀၅ ဦး ၊ ထိုင်း နိုင်ငံသား ၅၅၇၁ ဦး နှင့်တတိယ နိုင်ငံသား ၁၂၂၃၂ ဦး ထွက်ခွာခဲ့သည့်အတွက် ၂၀၁၈ ခုနှစ်အတွင်း မြဝတီနယ်စပ်မှ ထိုင်း နိုင်ငံဘက်သို့ ပတ်စ်ပို့ဗီဇာ ဖြင့် ပြန်လည်ထွက်ခွာသွားသူ စုစုပေါင်း ၄၆၇၀၈ ဦး ရှိကြောင်းသိရသည်။

ထို့အတူ ၂၀၁၇ ခုနှစ်တွင်းက မြဝတီ မှ ထိုင်း သို့ ထွက်ခွာသူ ၃၅၉၇၂ ဦး ၊ ၂၀၁၆ ခုတွင် ၃၂၅၁၃ ဦး၊ ၂၀၁၅ တွင် ၁၅၀၇၇ ဦး၊ ၂၀၁၄ တွင် ၂၀၇၅၇ ဦး နှင့် စတင်ဖွင့်လှစ်ခဲ့သော ၂၀၁၃ ခုနှစ်တွင် ၂၀၉၃ ဦး  ထွက်ခွာခဲ့ကြောင်းသိရသည်။

၂၀၁၉ ခုနှစ်တွင် နိုင်ငံ ခြားသား ကမ္ဘာ လှည့် ခရီးသွားများ ဝင်ထွက်သွားလာမှာ ယခင်နှစ်များ ကထက်ပိုမိုများပြားလာနိုင်ေ ကြာင်း ဒေသခံ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းရှင်များက ပြောသည်။

ဆုလာဘ် – မြဝတီ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်