ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲတွင် အပူရှပ်၍မူးလဲခြင်းကြောင့် ကျောင်းသူ ၃၂ ဦး အရေးပေါ်ဆေးတင်ခဲ့ရ

ထားဝယ်၊ ဇူလိုင် ၁၂

ထားဝယ်မြို့၊ မြောင်းပုလဲရပ်ကွက်ရှိအမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းကွင်းပြင်တွင် ကျောင်း ကောင်စီကတိသစ္စာခံယူပွဲကို ဇူလိုင်လ(၁၁)ရက်နေ့၊ နံနက်၉နာရီခွဲအချိန်က ပြုလုပ်ရာအပူရှပ်၍ မူးလဲခြင်းဖြစ်ပွားခဲ့ရာမှ ကျောင်းသူ ၃၂ ဦး ထားဝယ်ဆေးရုံကြီးသို့ အရေးပေါ်တင်ပို့ခဲ့ရကြောင်း သိရသည်။

ပညာရေးပြက္ခဒိန်အရ ၉ နာရီခွဲတွင် ကျောင်းကောင်စီကတိသစ္စာခံယူပွဲလုပ်ခဲ့ပြီး အစလုပ်တဲ့အချိန်ကနေ နောက်ဆုံးအခမ်အနားသိမ်းသည့်အချိန်အထိ မိနစ်၃၀ကြာသွားကြောင်း၊ ကျောင်းသား/သူများ နေပူအထဲ့ ရပ်ပြီးအခန်းအထဲ့ပြန်ဝင်ပြီး လေပန်ကာခံရာမှ အပူရှပ်သွားခြင်းဖြစ်ကြောင်း ယင်းကျောင်းမှအထက်တန်းပြ ( ကာယနည်းပြ)ဆရာဦးနိုင်လင်းအောင်က ပြောကြားသည်။

“လေပန်ကာနဲ့ထိပြီးအပူရှပ်သွားတာ၊ ကလေး၅ယောက်က ချက်ချင်းမူးလဲသွားပါတယ်”ဟုဆရာဦးနိုင်လင်း အောင် ကဆိုသည်။

အဆိုပါမူးလဲသွားသော အမျိုးသမီး၅ယောက်တွင်၂ယောက်မှာအရေးပေါ်ဖြစ်ခဲ့ပြီး ယင်းတို့အားအရေးပေါ်လူနာတင်ယာဉ်ခေါ်ပြီး ဆေးရုံသို့တင်ပို့ခဲ့ကြောင်း၊ ယင်းနောက်အရေးပေါ်လူ နာတင်ယာဉ်များဝင်ရောက်လာချိန်တွင် ကျောင်းသူများ ကြောက်လန့်ပြီး အော်ကာငိုရာမှ မူးလဲကြတာဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ရောက်ရှိလာသော ကျောင်သူများအား သွေးပေါင်ချိန်၊ အသက်ရှုနှုန်း၊သွေးအထဲ့တွင်ရှိသော အောက်ဆီဂျင်ပမာဏတို့ကိုစစ်ဆေးခဲ့ရာ သွေးအထဲ့အချိုဓါတ် အနည်းငယ်လျောနေသည်ကိုတွေ့ရှိရသည်ဟု ထားဝယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးမင်းက ပြောသည်။

ယင်းတို့အား ဂလူးကို့ထိုးပေးခြင်း၊ မူးပြေသည့်ဆေးထိုးပေးခြင်း၊ အနားယူခိုင်းခြင်း၊ လူမှုရေးနှင့်စည်ပင် သာယာရေးဝန်ကြီးအစီအစဉ်ဖြင့်အချိုရည်များတိုက်ကျွေးခြင်းများပြုလုပ်ပြီး လေကောင်းလေ သန့်ရအောင် ထားကာ သက်သာချိန် ပြန်ဆင်းခိုင်းလိုက်ပြီဖြစ်ကြောင်း၎င်းက ရှင်းပြသည်။

ထားဝယ်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပထမဆုံးရောက်ရှိလာသော ကျောင်းသူတစ်ဦးကို တာဝန်ခံဆရာ ဝန်မှစိုးရိမ်သည့်အတွက် ဆေးရုံတင်လိုက်ပြီးယခုအချိန်တွင်ယင်းလူနာမှာလည်း နေကောင်းနေပြီဖြစ်ကြောင်းေ ဆးရုံအုပ်ကြီးက ဆိုသည်။

သွေးအထဲ့ အချိုဓါတ်လျောနည်းခြင်းသည် အစားအသောက် ဆာသည့်အချိန်နှင့် ချွေးထွက်များပြီး အဆာ လွန်းသည့်အချိန် တွင်လည်း ဖြစ်တတ်ကြောင်း ဆေးရုံအုပ်ကြီးထံမှသိရသည်။

ယင်းကျောင်းတွင် ကျောင်းသား/သူများ သောက်သုံးသည့် ရေနှင့် ပဲပြုတ်ထမင်းကြော်တို့ကို ဓါတ်ခွဲစစ်ဆေး ရန် အမျိုးသားဓါတ်ခွဲခန်းသို့ပေးပို့မည်ဟု တနင်္သာရီတိုင်းဒေသကြီး FDA ဌာနထံမှ သိရသည်။

အဆိုပါအခြေခံပညာအထက်တန်းကျောင်းသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးတို့ရောက်ရှိလာပြီး ယင်းတို့ခွင့်ပြု ချက်အရ ကျောင်းသား/သူများ၏ လုံခြုံရေးနှင့် မိဘများစိတ်ပူနေ သည့်အတွက် နေ့ဝက်ကျောင်းပိတ်လိုက်သည်ဟု ဆရာဦးနိုင်လင်းအောင်က ပြောသည်။

ယင်းအပူရှပ်၍ ဆေးရုံတင်ပို့သည့် ကျောင်းသူများမှာ အဌမတန်း၊ နဝမတန်း၊ ဒသမတန်းတို့မှ ဖြစ်သည်ဟု သိရသည်။
အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် ခန်းမဆောင်မရှိ၍ ကျောင်းသား/သူများ စုပေါင်းပြုလုပ်ရ သည့်ပွဲများ/အခမ်းအနားများအား ကျောင်းဝင်းအတွင်းရှိကွင်းပြင်တွင်ပြုလုပ်ရလေ့ရှိပြီး ကျောင်းအတွင်းရှိ အိမ်သာအနံ့များအကြားမှ ကျောင်းသူ/သားများ စာသင်ကြားနေရသည်ဟု သိရသည်။

တင့်လွင်

Leave a Reply