ဆလင်ဒါပါဝါ (Cylindrical Power)

အမြင်အာရုံသည် လူတို့အတွက်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထိုအမြင်အာရုံအတွက် မျက်ဝန်းအိမ်သည် ခန္ဓာကိုယ်အတွက်အရေးပါသည်။

ထိုမျက်ဝန်းအိမ်ထဲတွင် မှန်ဘီလူးကဲ့သို့သောအင်္ဂါအစိတ်အပိုင်းတစ်ခုသည် အရာဝတ္ထုပုံရိပ်တို့ကိုဖမ်းယူပေးကာ မျက်ဝန်းမှတစ်ဆင့်အမြင်အာရုံကိုဖြစ်ပေါ်စေသည်။

ထို့ကြောင့် မှန်ဘီလူးကို ကောင်းမွမ်အောင်ပြုလုပ်သင့်သည်။ ထိုအခါတွင် မှန်ဘီလူးပါဝါနှင့်ဆလင်ဒါအရွဲ့အစောင်းတို့ကိုဖြစ်ပေါ်စေသည်။မျက်မှန်ပါဝါတွင် အနီးမှုန်၊ အဝေးမှုန်ရှိသကဲ့သို့ပင် ဆလင်ဒါပါဝါလည်း ရှိနိုင်ပါသည်။

အချို့က ဆလင်ဒါပါဝါရှိခြင်းကို ရောဂါတစ်ခုသဖွယ် ထင်မြင်ယူဆတတ်ပြီး ၎င်းဆလင်ဒါပါဝါပျောက်ကင်းအောင် မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်းဟု မကြာခဏ မေးမြန်းလေ့ရှိပါသည်။

အမှန်မှာ ဆလင်ဒါပါဝါသည် ရောဂါမဟုတ်ဘဲမျက်မှန်ပါဝါတစ်မျိုးသာဖြစ်ပါသည်။  ဆလင်ဒါပါဝါရှိလျှင် ၎င်းင်းပါဝါအတိုင်း မျက်မှန်တပ်ပေးရန်သာ ဖြစ်ပါသည်။ ဆလင်ဒါပါဝါရှိခြင်းကို Astigmatism ဟု ခေါ်ပါသည်။

ယေဘုယျအားဖြင့် မျက်ကြည်လွှာကြောင့်ဖြစ်သော (Corneal astigmatism)နှင့် မှန်ဘီလူးကြောင့်ဖြစ်သော (Lenticular astigmatism) ဟူ၍နှစ်မျိုးရှိပါသည်။

၁။ Corneal Astigmatism မျက်ကြည်လွှာသည်ပုံမှန်အားဖြင့် ဘတ်စကတ်ဘော သဏ္ဍာန်ညီညာလုံးဝန်းစွာ ရှိပါသည်။ အကယ်၍ မျက်ကြည်လွှာ မျက်နှာပြင်တစ်ခုသည် အခြားတစ်ခုထက် ပို၍ခုံးသောအခါ မျက်ကြည်လွှာသည် ရပ်ဘီဘောလုံးသဏ္ဍာန် ဘဲဥပုံဖြစ်သွားပြီးဆလင်ဒါပါဝါ
ဖြစ်ပေါ်လာပါသည်။

၂။ Lenticular Astigmatism အတွင်းတိမ်ဖြစ်ခြင်း(သို့မဟုတ်) မှန်ဘီလူးအား ဆိုင်းထားသောကြိုးများ အကြောင်းတစ်စုံတစ်ရာကြောင့် မှန်ဘီလူးသည် ပုံမှန်အနေအထားတွင် တည်ရှိမနေနိုင်သောအခါ ဆလင်ဒါပါဝါ ဖြစ်ပေါ်လာနိုင်ပါသည်။ မျက်လုံးအား အချိန်ကြာမြင့်စွာ အားစိုက်ရသည့်အခါ၊ အထူးသဖြင့် အချိန်ကြာမြင့်စွာစာဖတ်သည့်အခါ / ကွန်ပျူတာအသုံးပြုသည့်အခါ မျက်လုံး ညောင်းညာ ကိုက်ခဲခြင်း (မျက်ရိုးကိုက်ခြင်း)၊ ခေါင်းမူး၍ ဇက်ကြောတက်ခြင်း၊ ရံဖန်ရံခါ ပျို့အန်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။အမြင်အာရုံဝေဝါးခြင်း၊ ပုံရိပ်များ / စာလုံးများရွဲ့စောင်းခြင်းများ ကြုံတွေ့ရတတ်ပါသည်။ တစ်ခါတစ်ရံ မျက်လုံးစွေစောင်းသည်အထိလည်း ဖြစ်ပေါ်တတ်ပါသည်။

ဆလင်ဒါကြောင့်ဖြစ်သော မျက်စိဝေဒနာများသည် စိုးရိမ်ရသောအခြေအနေကို မရောက်ရှိတတ်ကြပေ။ စနစ်တကျ စမ်းသပ်ရရှိသော မျက်မှန်ပါဝါအတိုင်း မျက်မှန်တပ်ခြင်း၊ မျက်ကပ်မှန်တပ်ခြင်း ပြုလုပ်နိုင်ပါသည်။

ထို့အပြင်အာဟာရရှိသောအစားအစာများ၊ မျက်လုံးအားကောင်းစေသောအစားအစာများနှင့် အမြင်အာရုံကိုထိခိုက်စေသောအရာများကိုရှောင်သင့်သည်။

အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများဖြစ်ပေါ်သော နီးစပ်ရာကျန်းမာရေးဌာနများနှင့် မျက်စိသမားတော်ကြီးများဆီသို့သွားရောက်ကုသခံယူသင့်ပေသည်။

ဒေါက်ဦး(မွန်)

Leave a Reply