အားဆေးတိုက်ကျွေးရာမှ ဗိုက်အောင့်၊ခေါင်းမူးအောအန် လာသောကြောင့် ကျောင်းသား /ကျောင်းသူ ၁၂၉ဦးကို ဆေးရုံတင်ခဲ့ရ

ထားဝယ်၊ သြဂုတ် ၁၃

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် သြဂုတ်လ ၁၃ရက်နေ့၊ နံနက်ပိုင်းကျောင်းတက်ချိန်၌ ကျောင်းသား၊ကျောင်းသူများကို အားဆေးတိုက်ကျွေးရာ ဗိုက်အောင့် ခေါင်းမူးအော့အန်ခြင်းဖြစ်ပွား၍ ၁၂၉ ဦးအား အရေးပေါ်လောင်းလုံးမြို့ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ယင်းစာသင်ကျောင်းထံမှ သိရသည်။

အဆိုပါ အားဆေးကို ကျန်းမာရေးဌာနမှပေးထားသည်မှာ တစ်လအကြာချိန်အထိမကျွေးဖြစ်သေး၍ ကလေးများ သွေးအားနည်းနေ၍ ယင်းဆေးအားကျွေးရန် ကျန်မာရေးဝန်ထမ်းကပြောဆိုလာသည့်အတွက် ဆရာ/ ဆရာမများကို ကျောင်းသားဦးရေအလိုက်တစ်ယောက်ကိုတစ်လုံးကျွေးရန်ခွဲပေးလိုက်ခြင်းဖြစ်ကြောင်းယင်း ကျောင်းမှကျောင်းအုပ်ကြီးဒေါ်မာလာဝင်းကပြောကြားသည်။

“ သောက်ပြီးတာနဲ့ သောက်ပြီးခြင်း ပထမဆုံး ၇တန်းက မိန်းကလေးတစ်ဦးအစဖြစ်တာ ပြီးမှ ၈တန်းမှဖြစ် တာ” ဟု ဒေါ်မာလာဝင်း ကဆိုသည်။

အဆိုပါစာသင်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ၄၆၄ဦးရှိသည်အနက်မှ၃၆၀ဦးကို အားဆေးတိုက်ကျွေး ရာ ၁၂၉ဦးကို ဆေးရုံသို့တင်ပို့ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဆေးရုံသို့ ရောက်ရှိလာသည့်ကျောင်းသား/ကျောင်းသူများကိုစမ်းသပ်ကြည့်ရာ သွေးပေါင်ကျခြင်း၊ အဆိပ်ဖြစ်ခြင်းလက္ခဏာများမရှိ၍ ဗိုက်အောင့်ခြင်း၊ မူးခြင်းအတွက် ဆေးရုံမှလိုအပ်သည့် ဆေးဝါးကုသပေးခဲ့ကြောင်း လောင်းလုံးမြို့ပြည်သူ့ဆေးရုံမှ ဆေးရုံ အုပ်ကြီးဒေါက်တာသူဇာဝင်းက ပြောသည်။

“ ပြင်းပြင်းထန်ထန်မရှိဘူး နာရီပိုင်းအတွင်းမှာ သူတို့ကောင်းသွားတယ်”ဟု ဒေါက်တာသူဇာဝင်းကဆိုသည်။

လက်ရှိအချိန်ဆေးရုံတွင် ဗိုက်အောင့်ခြင်း၊မူးခြင်းဖြစ်နေသည့် ကျောင်းသား/ကျောင်းသူ ၂၈ဦးရှိကို ဆေးကု သပေးနေပြီး သက်သာလျင် ညနေပိုင်းတွင် ဆေးရုံမှပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၎င်းက ပြောသည်။

Mycronutrientအားဆေးမှာ ကျန်းမာရေးဌာနမှထောက်ပံ့ပေးသည့်ဆေးဖြစ်ပြီး သားဖွားဆရာမများက ကျောင်းကျန်းမာရေးစစ် ဆေးချိန်ပေးသည့်ဆေးဖြစ်ကြောင်း၊လူကြီးများသောက်များသည့်ဆေးဖြစ်ကြောင်း ဒေါက်တာသူဇာဝင်းက ရှင်းပြသည်။

ယင်းဆေးအား ကျန်းမာရေးဌာနတွင်မှတ်ပုံတင်ထားပြီး သက်တမ်းကုန်ဆုံးသည့်ခုနှစ်မှာ၂၀၂၁ခုနှစ်ဖြစ် သည်ဟု ဆေးရုံအုပ်ကြီးထံမှသိရသည်။

တင့်လွင်

Leave a Reply