Advertisements

၂ဝ၂၂ တွင် မော်လမြိုင်တစ်မြို့လုံး ရေသန့်ရရှိရေး ဆောင်ရွက်မည်

မော်လမြိုင် ၊ စက်တင်ဘာ

အတ္တရံမြစ်ရေ သန့်စင်မှုလုပ်ငန်းများကို ၂၀၂၀ ခုနှစ်အတွင်း အပြီးသတ်နိုင်အောင်ဆောင်ရွက်ရန် လျာထားပြီး၂၀၂၂ တွင်  ကင်ပွန်းချုံရေသန့်စင်မှု လုပ်ငန်းများ  အပြီးသတ်လုပ်ဆောင်နိုင်ရန် စီစဉ်နေသောကြောင့် ၂၀၂၂ တွင် မော်လမြိုင်တစ်မြို့လုံး ရေသန့်ရရှိမည်ဖြစ်ကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုက ပြောကြားသည်။

မွန်ပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့်အတ္တရံမြစ်ရေသန့်စင်ခြင်းကို ဒီဇိုင်းနှင့် အရည်အသွေးကောင်းကာင်းဖြင့်ထုတ်လုပ်မှုစရိတ် သက်သာအောင်လုပ်ဆောင်မည် ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ရွှေနတ်တောင်ဆည်ရေကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ JICA ၏ ချေးငွေဖြင့် ရေသန့်စင်မှုလုပ်ငန်းများ ဆောင်ရွက်နေပြီး ကင်ပွန်းချုံ ကန်ရေသန့်စင်မှုလုပ်ငန်းများကိုမှု အာရှဖွံဖြိုးရေးဘဏ်၏ ချေးငွေဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းများ ပြီးဆုံးပါက ရေသန့်တစ်ယူနစ်ကို ၂၅၀ ကျပ်နှုန်းဖြင့် ဖြန့်ဝေရန်စီစဉ်ထားကြောင်း မော်လမြိုင်မြို့ စည်ပင်သာယာရေးအဖွဲ့ထံမှသိရှိရသည်။

လက်ရှိ အချိန်တွင် မော်လမြိုင်မြို့ တစ်မြို့လုံးအတွက် တစ်နေ့ ရေသန့်ဂါလန် ၆.၅ သန်းလိုအပ်နေကြောင်းလည်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ရန်လင်းအောင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်