Sunday, November 19, 2017

တိမ်ကောနေသော ချောင်းဆုံကန်ကြီးကိုပြုပြင်သွားမည်

ချောင်းဆုံ၊ အောက်တိုဘာ တိမ်ကောနေသောချောင်းဆုံကန်ကြီးကို ၂၀၁၇- ၁၈ ဘဏ္ဍာရေးနှစ်အတွင်းပြုပြင်ဆောင်ရွက်သွားရန်ရှိပြီး ပြုပြင်နိုင်ရန် လုပ်ငန်းတင်ဒါ ခေါ်ယူထားပြီးဖြစ်ကြောင်း မြို့နယ် ဆည်မြောင်းဦးစီးဌာနမှသိရသည်။ “ကန်ကြီးပြုပြင်ဖို့လုပ်ငန်းတင်ဒါခေါ်ယူထားတာကို လာမယ့်အပတ်လောက်မှာ ဖွင့်ဖောက်သွားမှာဖြစ်တယ်။ တင်ဒါအောင်တဲ့လူက ကန်တူးဖော်နိုင်ရေးအတွက် အမှိုက်သရိုက်ရှင်းလင်းတာတို့ ၊ ရေဖောက်ထုတ်တာတို့ စတင်လုပ်ဆောင်ရမှာဖြစ်တယ်”ဟု မြို့နယ်ဆည်မြောင်းဦးစီးမှူး ဦးခင်မောင်မောင်ဇော်က ပြောသည်။ ယခုနှစ်ခွင့်ပြုဘတ်ဂျတ်ငွေဖြင့် ကန်အရှေ့ပိုင်း ဧက ၅၀...

ကျောင်းဈေးဆိုင်မှ မုန့်များကို FDA ခွင့်ပြုချက်ရရှိမှသာ ရောင်းချသင့်ဟုဆို

ချောင်းဆုံ ၊ အောက်တိုဘာ စာသင်ကျောင်းများတွင် ရောင်းချနေသော မုန့်ပဲသရေစာများကို ကျောင်းသားများ ကျန်းမာရေးအတွက် FDA စစ်ဆေးရေး အဖွဲ့မှစစ်ဆေးစေလိုကြောင်းနှင့် ခွင့်ပြုချက်ရရှိပြီးမှသာ ရောင်းချသင့်ကြောင်း ကွမ်သဲကျေးရွာယာယီ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် ကပြောသည်။ “ကျောင်းတွေမှာရောင်းနေတဲ့မုန့်ပဲသရေစာတွေကို ကျန်းမာရေးအရ စားသုံးသင့်/မသင့် စစ်ဆေးသင့်တယ်။ စားစရာတွေမှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဓာတုဆေးဝါးတွေလည်း သုံးစွဲထုတ်လုပ်ထားနိုင်တဲ့အတွက် အခါအားလျော်စွာ...

ချောင်းဆုံမြို့နယ် လမ်းနယ်နိမိတ်ကို ပေ ၁၀၀ သတ်မှတ်ရန်မသင့်ဟုဆို

အဆုံးပြုဆဲဖြစ်သော ချောင်းဆုံမြို့နယ်မှ လက်ရှိလမ်းနယ်နိမိတ်ကို ပေ ၁၀၀ ထိသတ်မှတ်ရန်မသင့်ကြောင်းနှင့် ခေတ်ကာလအရ လိုအပ်ပါက ကျွန်းပတ် မြို့ရှောင်လမ်း၊ ရွာရှောင်လမ်းများကိုသာ လမ်းသစ်ရွေးချယ်ဖောက်လုပ်သင့်ကြောင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပြောကြားသည်။ “ဘီလူးကျွန်းဟာ အရင်ကဘယ်ဒေသနဲ့မှ ကုန်းလမ်းခရီး တစ်ဆက်တစ်စပ်တည်း မရှိခဲ့ဘူး။ တံတားတစ်စင်း ရှိလာမှ မော်လမြိုင်မြို့နဲ့ တစ်ဆက်တည်းဖြစ်လာတယ် ။...

ဘီလူးကျွန်းသို့ သွယ်တန်းထားသည့် သံလွင်မြစ်ကျော် လျှပ်စစ်တာဝါတိုင်များအနီး မြစ်သဲကျောက်စုပ်ယူနေခြင်းကို အရေးယူမည်

ချောင်းဆုံ ၊ အောက်တိုဘာ ဘီလူးကျွန်းကို သွယ်တန်းထားသည့် သံလွင်မြစ်ကျော် လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များအနီး မြစ်သဲ၊ ကျောက်စုပ်ယူနေခြင်းကို အရေးယူသွားမည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က သတိပေး ပြောကြားထားသည်။ “သံလွင်မြစ်ကျော် တာဝါတိုင်တွေအနီးမှာ မြစ်သဲကျောက်စုပ်ယူနေတာကို အရေးယူသွားမှာဖြစ်တယ် ။သက်ဆိုင်ရာအနီးအနားကျေးရွာတွေကလည်း တွေ့ရှိရင် အချိန်မီအကြောင်းကြားဖို့ ပြောလိုတယ်”ဟု ဦးထွန်းအောင်ကျော် က တိုက်တွန်းခဲ့သည်။ ယင်းသို့ သဲကျောက်စုပ်ယူနေခြင်းသည်...

ရှားပါးငှက်မျိုးစိပ်ဖြစ်သော ခရုစုပ်ငှက်ကို ပစ်ခတ်ဖမ်းဆီးပါက အရေးယူမည်

ချောင်းဆုံ ၊ စက်တင်ဘာ ၂၀ ချောင်းဆုံမြို့နယ် ကျေးရွာများရှိ လယ်ကွင်းများတွင် ကျင်လည်ကျက်စားနေသော ရှားပါး မျိုးစိတ်ငှက်မျိုးဖြစ်သည့် ခရုစုပ်ငှက်များကို ပစ်ခတ်ဖမ်းဆီးပါက အရေးယူသွားမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ် သစ်တော ဦးစီးဌာန မှသိရသည်။ “ရှားပါးမျိုးစိတ်ငှက်မျိုးဖြစ်တဲ့ ခရုစုပ်ငှက်တွေကို ပစ်ခတ်ဖမ်းဆီးခြင်းမပြုဖို့ ၊ဒေသခံတွေကလည်း ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ဖို့ ၊ပစ်ခတ်ဖမ်းဆီးတာကိုတွေ့မြင်သိရှိရင်လည်း ဌာနကိုအကြောင်းကြားပေးကြဖို့ လိုပြီး၊...

လုံခြုံရေးအရ ရိုးရာဓလေ့ ပွဲတော်များမှအပ ကျန်ပွဲလမ်းသဘင်များကိုလျှော့ချသင့်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးဆို

ချောင်းဆုံ ၊ စက်တင်ဘာ အကြမ်းဖက်မှုကို ကြိုတင်ကာကွယ်သည့်အနေဖြင့် လုံခြုံရေးအရ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာဓလေ့ပွဲတော်များမှအပ ကျန်ပွဲလမ်းသဘင်များကို လျှော့ချသင့်သည်ဟု ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က ဆိုသည်။ “ရိုးရာပွဲတွေကလွဲရင် လူစုလူဝေး ခဏခဏမလုပ်စေချင်ဘူး။ ပျော်ပွဲရွှင်ပွဲတွေထက် ဒေသ လုံခြုံရေး ၊ တည်ငြိမ် အေးချမ်းရေးက အရေးကြီးတယ်။ လျှော့ချသင့်တဲ့ပွဲတွေကိုလျှော့ချဖို့လိုတယ်”ဟု ၎င်း...

ချောင်းဆုံမြို့နယ်မှ ကျောင်းသားများနှင့်ဝန်ထမ်းများအတွက် သီးသန့်ယာဉ်လိုင်းများပြေးဆွဲသင့်ဟုဆို

ချောင်းဆုံ၊ သြဂုတ် ချောင်းဆုံမြို့နယ်မှ မော်လမြိုင်တွင်ရှိသော တက္ကသိုလ်နှင့် အစိုးရရုံးအသီးသီးသို့ သွားလာနေရသော ဝန်ထမ်းများ နည်းပညာတက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများအတွက် သီးသန့်သွားလာမှုအဆင်ပြေစေရေး ယာဉ်လိုင်းများ ပြေးဆွဲသင့်ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပြောသည်။ “ကျောင်းသားနဲ့ ဝန်ထမ်းတွေ မော်လမြိုင်မြို့အပါအဝင် နီးစပ်ရာမြို့နယ်တွေမှာ နေ့စဉ်သွားလာနေရတာ ရှိတယ် သင့်တော်တဲ့နှုန်းထားတစ်ခုနဲ့...

သာသနာမြေကိစ္စ ရွာသားများအား လိမ်လည် လက်မှတ်ရေးထိုးခိုင်းသည့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း အပါအဝင် ၁၀ ဦးကို ဖမ်းဆီးအရေးယူ

ချောင်းဆုံ၊ သြဂုတ် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာမှ စေတောဝိမုတ္တိဘုန်းကြီးကျောင်း သာသနာမြေ မရရေးအတွက် ရွာသူ၊ ရွာသားများအား လိမ်လည် လက်မှတ်ရေးထိုးခိုင်းသည့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း အပါဝင် ၁၀ ဦးကို သြဂုတ် ၁၈ ရက်နေ့က ဖမ်းဆီးအရေးယူထားကြောင်း ချောင်းဆုံမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး အောင်သူရက ပြောကြားသည်။ ဖြစ်စဉ်မှာ ကွမ်သဲကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း...

သင်ပုန်းကျောက်ပန်းချီကားချပ်ကို ဈေးကွက်ဝင်အောင်ကြိုးပမ်းသွားမည်ဟု ဆို

မော်လမြိုင်၊ သြဂုတ် ကျောက်သင်ပုန်းများ ဈေးကွက်တွင် မှေးမှိန်လာပြီး၍ သင်ပုန်းကျောက် သားဖြင့် ထုဆစ်ထားသည့် ကျောက်ပန်းချီကားချပ်များကို ဈေးကွက်ဝင်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာနေ ကျောက်ပန်းချီလုပ်ငန်းရှင် ဦးအောင်မိုးခိုင်က ပြောကြားသည်။ ကျောက်သင်ပုန်း ဝယ်လိုအား လျော့ကျလာချိန်တွင် သင်ပုန်းကျောက်သားထက်၌ ဆင်၊ မြင်း၊ ကိန္နရီ၊ ကိန္နရာ၊ ရှေးခေတ်ဟောင်း သူရဲကောင်းပုံများစသဖြင့်...

ဘီလူးကျွန်းမုဒွန်း ရွာအဝင်မုခ်ဦး ဆိုင်းဘုတ်ကို သင်ပုန်းကျောက်သားဖြင့် ပြုလုပ်

ချောင်းဆုံ၊ သြဂုတ် ၁၅ ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာအဝင်မုခ်ဦးဆိုင်းဘုတ်ကို သင်ပုန်းကျောက်သားဖြင့် ပြုလုပ်လျက်ရှိပြီး ကျောက်သင်ပုန်း ၊ ကျောက်တံ ဒီဇိုင်းများဖြင့် ပုံဖော်ထားကြောင်း ဒေသခံများကဆိုသည်။ အဆိုပါမုခ်ဦးကို ဒီဇိုင်းရေးဆွဲပုံဖော်သူမှာ မုဒွန်းကျေးရွာဇာတိ မွန်ပြည်နယ် ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမွန်က ပြောသည်။ “ဘီလူးကျွန်းဒေသ ထွက်ကုန်တစ်ခုဖြစ်တဲ့ ကျောက်သင်ပုန်းကျောက်တံကို ပုံဖော်ထားတဲ့သဘောလည်း...
- Advertisement -

Latest article

ကျူရှင်ပြဿနာ ဝိုင်းဝန်း အဖြေရှာကြစို့ရဲ့

ဒီနေ့လို မြို့နယ်ရုံး အစည်းအဝေးရှိသောနေ့များတွင် ကျောင်းအုပ်ဆရာမကြီးက ကျောင်း၏လုပ်ငန်းတာဝန်များကို ကျွန်မအား လွှဲခဲ့လေ့ရှိပါသည်။ ဒီနေ့လည်း ခါတိုင်းကဲ့သို့ပင် စာသင်ခန်းဝင် သင်ကြားရုံသာမက ကျောင်းလုပ်ငန်းတာဝန်များကို ပူးတွဲ တာဝန်ထမ်းရင်း နေ့လယ် ထမင်းစားကျောင်းဆင်းချိန်သို့ပင် ရောက်လို့လာလေပြီ။ ကလေးများ၊ ဆရာဆရာမများ၊ ရုံးဝန်ထမ်းများရှင်းချိန်တွင် အမျိုးသမီးတစ်ယောက် ကလေးငယ်တစ်ယောက်ကို လက်ဆွဲလျက် ကျွန်မနားနေရာ ရုံးခန်းထဲ...

မော်လမြိုင်အိမ်ဆိုင်များရှေ့ ဖြတ်လျှောက်ခြင်း

အိမ်ဆိုင်..... ဘာမှတော့မထူးဆန်း။ မြို့ပြနှင့် ကျေးလက်၏ လူနေစု ရပ်ကွက်တကာ၌ လမ်းကြိုလမ်းကြားပါမကျန် ဟိုဟိုသည်သည် နေ့စဉ်မြင်တွေ့နေကျ မြင်ကွင်းများထဲမှ မထူးထွေမဆန်းပြားသည့် ပုံရိပ်။ လူသုံးကုန်ပစ္စည်းဈေးကွက်ယန္တရား၏ အသေးငယ်ဆုံးအစိတ်အပိုင်း၊ အောက်ခြေလူတန်းစားအစ လူလတ်တန်းစား၊ အစိုးရဝန်ထမ်းအပါအဝင် သူသူငါငါအလွှာစုံ နေ့ညအစဉ် ထိတွေ့ဆက်ဆံပတ်သက်နေရသည့် ကုန်စည်ရပ်ဝန်းငယ်။ ရင်းနှီးကျွမ်းဝင်လွန်း၍ ရိုးအီနေပြီဖြစ်သည့် လူမှုဘဝရှုခင်းမှ ပုံရိပ်တစ်စွန်းတစ်စဟု ဆိုနိုင်သည်။ အိမ်ဆိုင်တစ်ဆိုင်၊...

Royal Hinthar ဟိုတယ် အနိမ့်ဆုံးလုပ်ခလစာ ပြဿနာအား ညှိနှိုင်းမှု ပြေလည်

မော်လမြိုင်၊ နိုဝင်ဘာ ၁၇ Royal Hinthar ဟိုတယ်ရှိ ဝန်ထမ်းများ အနိမ့်ဆုံး လုပ်ခလစာ မရသည့်ကိစ္စကို အလုပ်သမား ဦးစီးဌာန၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် နိုဝင်ဘာ ၁၇ ရက်နေ့က ပြေလည်မှုရရှိခဲ့ကြောင်း သိရသည်။ ဧည့်သည်များဆီက ဝန်ဆောင်မှု ၁၀ရာခိုင်နှုန်းရရှိသည့်အပေါ်တွင် ဝန်ထမ်းများကို ၅ရာခိုင်နှုန်းသားပေးသည့် အတွက် ၇ရာခိုင်နှုန်းရရှိရန်...
- Advertisement -