Sunday, November 19, 2017

မော်လမြိုင် အဝေးပြေးကားဝင်း အဆင့်မြှင်တင်ရန် ပြည်နယ်အစိုးရ စီစဉ်

မော်လမြိုင်၊ အောက်တိုဘာ မော်လမြိုင်မြို့၊ လှိုပ်ရပ်ကွက်၊ မြေနီကုန်း အဝေးပြေးကားဝင်းကို အဆင့်မြှင့်တင်ရန်အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့က စီစဉ်လျက်ရှိကြောင်း ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။ ယင်းလုပ်ငန်းဆောင်ရွက်ရန် အောက်တိုဘာ ဒုတိယအပတ်က မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး...

မော်လမြိုင်တက္ကသိုလ် အနီးမှ KTV ဆိုင်များ လိုင်စင်အသစ်လျှောက်ခြင်းနှင့် သက်တမ်းတိုးခြင်း ခွင့်မပြုရန် ပြည်နယ်အစိုးရညွှန်ကြား

မော်လမြိုင်၊ အောက်တိုဘာ ၁၉ မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် အနီးမှ KTV ဆိုင်များအားလုံးကို လိုင်စင်သက်တမ်းတိုးခြင်းနှင့် လိုင်စင်အသစ်ချထားပေးခြင်း မပြုရန် မွန်ပြည်နယ်အစိုးရမှ ညွှန်ကြားထားကြောင်း မွန်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်နယ်မှူး ဦးထိန်လင်းအောင်က ပြောသည်။ ယင်းသို့ တားမြစ်ခြင်းကို အောက်တိုဘာလ ဒုတိယအပတ်တွင် ပြည်နယ်အစိုးရအဖွဲ့က...

မြေနေရာအဆင်ပြေပါက သံလွင်ဈေးမှ ငါးဒိုင်များကို ပြောင်းရွှေ့ပေးသွားမည်

မော်လမြိုင်၊ အောက်တိုဘာ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ အောက်လမ်းမကြီးနှင့် ကမ်းနားလမ်းကြားမှ သံလွင်ဈေး အတွင်းရှိ ငါးအဝယ်ဒိုင်များကို မြေနေရာအဆင်ပြေပါက ပြောင်းရွှေ့လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်က ပြောကြားသည်။ မြေနေရာမရရှိသေးမီအချိန်တွင် ငါးအဝယ်ဒိုင်များကို သံလွင်ဈေး၏ အနောက်ဘက်ပြောင်း မြေကွက်လပ်သို့ ရွှေ့ထားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ " ပြည်နယ်ဝန်ကြီးချုပ် ဆီကိုသွားပြီးတော့ သံလွင်ဈေးငါးဒိုင်ကိစ္စနဲ့ပတ်သက်ပြီး အကျိုးအကြောင်း...

ဓာတုပစ္စည်း စနစ်တကျ စွန့်ပစ်ခြင်းမရှိကြောင်းတိုင်ကြား၍ ပိတောက်စက္ကူစက်ကို ပြည်နယ်အစိုးရ စစ်ဆေး

မော်လမြိုင်၊ အောက်တိုဘာ မော်လမြိုင်မြို့နယ်၊ စက်မှုဇုန်မှ ပိတောက်စက္ကူစက်တွင် ဓာတုဗေဒပစ္စည်းများကို သုံးစွဲပြီး အညစ်အကြေးများကို စနစ်တကျ စွန့်ပစ်ခြင်းမရှိကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် အောက်တိုဘာ ၉ ရက်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ ဖော်ပြပါစက္ကူစက်အနေဖြင့် လုပ်ငန်းသုံးဓာတုဗေဒပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်းမရှိသည့်အတွက် ယင်းစက်ရုံနံဘေးမှ ပလတ်စတစ်လုပ်ငန်းတွင် တွင်းရေများ ညစ်ညမ်းရှိလာသောကြောင့်...

မော်လမြိုင်တွင် မှတ်ပုံတင်မထားသော ဆေးနှင့်ဆေးဝါးအတု ရောင်းချခြင်းကို Interpol စီမံချက်ဖြင့် စစ်ဆေး

မော်လမြိုင်၊ စက်တင်ဘာ ။        ။ မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးကြီးတွင် ဆေးဝါးအတုများ ရောင်းချခြင်း ရှိ မရှိကို Interpol စီမံချက်ဖြင့်စက်တင်ဘာ ၁၈ ရက်က သွားရောက် စစ်ဆေးခဲ့ကြောင်း မွန်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က...

မော်လမြိုင်မှ ဟိုတယ်နှင့် တည်းခိုခန်းများ အချိန်ပိုင်းတည်းခိုခွင့်မပြုရန် လုပ်ငန်းရှင် ၄၃ ဦး ခေါ်ယူအသိပေး

မော်လမြိုင်၊ စက်တင်ဘာ ၇ မော်လမြိုင်မြို့နယ်မှ ဟိုတယ်နှင့် တည်ခိုခန်းများ အချိန်ပိုင်းတည်းခိုခြင်းကို ခွင့်မပြုရန်၊ CCTV ကင်မရာများ တပ်ဆင်ထားရှိရန်၊ လာရောက်တည်းခိုသူများထံမှ နိုင်ငံသားစိစစ်ရေးကတ်ပြား အထောက်အထားရယူပြီး မှတ်တမ်းထားရှိရန် စသည်တို့ကို မြို့နယ်အတွင်းရှိ လုပ်ငန်းရှင် ၄၃ ဦးတို့အား ခေါ်ယူအသိပေးထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောကြားသည်။ ကျောင်းနေအရွယ် လူငယ်များ...

ရွှေဈေးမြင့်တက်နေခြင်းနှင့် တစ်ရာခိုင်နှုန်းအခွန် ကောက်ခံနေသည့်အတွက် ရွှေအရောင်းအဝယ်နည်းပါး

မော်လမြိုင်၊ သြဂုတ် ၃၁ ရွှေဈေးမြင့်တက်နေခြင်းနှင့် ရွှေခွန်တစ်ရာခိုင်နှုန်းကောက်ခံခြင်းတို့ကြောင့် မွန်ပြည်နယ်တွင် ရွှေအရောင်းအဝယ်နည်းပါးလာနေကြောင်း မော်လမြိုင်မြို့ ရွှေဆိုင်များထံမှ သိရသည်။ “ဝယ်တဲ့သူတွေက အခွန်ပါပေးရတဲ့အပြင်ကို အလျော့တွက် လက်ခပါ ပေးနေရတဲ့အတွက် မဝယ်ချင်တော့ဘူး၊ အဲဒီအခါကျတော့ ရွှေလုပ်ငန်းနဲ့ ပတ်သက်တဲ့သူတွေ အများစုထိခိုက်တယ်” ဟု ၎င်းင်းက ဆိုသည်။ ထိုရွှေဆိုင်များတွင် ဝယ်ယူသူများ နည်းပါးလာသည့်အတွက်ရွှေလုပ်ငန်းရှင်များနှင့် ရွှေပန်းထိမ်လုပ်ကိုင်သူများ...

မော်လမြိုင်ပဲဈေးကွက်ပြန်ဖွင့်ပြီးနောက် နှစ်နိုင်ငံ ပဲကုန်သွယ်ခွင့် စနစ်တကျရှိရန် ဒေသခံကုန်သည်များလိုလား

မော်လမြိုင်၊ သြဂုတ် ၂၉ ပြီးခဲ့သည့် သီတင်းပတ်က အရောင်းအဝယ် ယာယီရပ်ဆိုင်းထားသော ပဲဈေးကွက်ကို သုံးရက်အကြာ သြဂုတ် ၂၆၊ မွန်းတည့် ၁၂ နာရီတွင် မော်လမြိုင်မြို့ ၌ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း၊ အိန္ဒိယ-မြန်မာနှစ်နိုင်ငံအကြား ပဲကုန်သွယ်ရောင်းဝယ်ခွင့် စနစ်တကျရှိအောင် သက်ဆိုင်ရာမှ စီမံဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံပဲကုန်သည်အချို့က ပြောသည်။ “အိန္ဒိယက ပဲတွေကို မဝယ်မှာတော့မဟုတ်ဘူး၊...

မော်လမြိုင်မြို့ တောင်ရိုးတန်းလမ်းကို ပွင့်လင်းရာသီတွင် ကတ္တရာထပ်ပိုးလွှာခင်းပေးမည်

မော်လမြိုင်၊ စက်တင်ဘာ ၁ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ရိုးတန်းလမ်းကို ပွင့်လင်းရာသီရောက်ချိန်တွင် ကတ္တရာလမ်း ထပ်ပိုးလွှာ(AC)ခင်းပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး မင်းကျော်လွင်က ပြောကြားသည်။ “ဒီလမ်းက အခုချိန်မှာခင်းဖို့ အသင့်တော်ဆုံးအချိန်ဖြစ်နေလို့ပါ၊ လမ်းအရည်အသွေးလည်း မပျက်စီးသေးဘူး၊ AC လမ်းခင်းဖို့ဆိုတာ သူ့အရည်အသွေးပြည့်ဖို့လည်းလိုတယ်၊ ဥပမာ ကမ်းနားလမ်းကို သွားခင်းလိုက်မယ်ဆိုရင်ဒုက္ခရောက်မှာပေါ့”ဟု ဝန်ကြီးက ပြောသည်။ လက်ရှိအချိန်၌...

တပ်မတော်သားတစ်ဦးကို ဓားဖြင့်ထိုးခဲ့သူ တစ်ဦးဖမ်းမိ သုံးဦးထွက်ပြေး

မော်လမြိုင်၊ စက်တင်ဘာ ၁ မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်တွင် သြဂုတ် ၂၉ ရက်နေ့ညပိုင်းက တပ်မတော်သားတစ်ဦးကို အမျိုးသား လေးဦးမှဝိုင်းဝန်းထိုးကြိတ်ခဲ့ပြီး ဓားဖြင့် ထိုးခဲ့ရာ တစ်ဦးဖမ်းမိခဲ့ပြီး သုံးဦးထွက်ပြေးတိမ်းရှောင်နေကြောင်း ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ- သံလွင်တံတား RP 22 တွင်လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ဒုတပ်ကြပ် မျိုးသိန်းဦးသည် ကင်းတာဝန်ပြီးဆုံး၍ ပြန်လာစဉ် လူငယ်လေးဦးတို့နှင့် စကားများကြရာမှ...
- Advertisement -

Latest article

ကျူရှင်ပြဿနာ ဝိုင်းဝန်း အဖြေရှာကြစို့ရဲ့

ဒီနေ့လို မြို့နယ်ရုံး အစည်းအဝေးရှိသောနေ့များတွင် ကျောင်းအုပ်ဆရာမကြီးက ကျောင်း၏လုပ်ငန်းတာဝန်များကို ကျွန်မအား လွှဲခဲ့လေ့ရှိပါသည်။ ဒီနေ့လည်း ခါတိုင်းကဲ့သို့ပင် စာသင်ခန်းဝင် သင်ကြားရုံသာမက ကျောင်းလုပ်ငန်းတာဝန်များကို ပူးတွဲ တာဝန်ထမ်းရင်း နေ့လယ် ထမင်းစားကျောင်းဆင်းချိန်သို့ပင် ရောက်လို့လာလေပြီ။ ကလေးများ၊ ဆရာဆရာမများ၊ ရုံးဝန်ထမ်းများရှင်းချိန်တွင် အမျိုးသမီးတစ်ယောက် ကလေးငယ်တစ်ယောက်ကို လက်ဆွဲလျက် ကျွန်မနားနေရာ ရုံးခန်းထဲ...

မော်လမြိုင်အိမ်ဆိုင်များရှေ့ ဖြတ်လျှောက်ခြင်း

အိမ်ဆိုင်..... ဘာမှတော့မထူးဆန်း။ မြို့ပြနှင့် ကျေးလက်၏ လူနေစု ရပ်ကွက်တကာ၌ လမ်းကြိုလမ်းကြားပါမကျန် ဟိုဟိုသည်သည် နေ့စဉ်မြင်တွေ့နေကျ မြင်ကွင်းများထဲမှ မထူးထွေမဆန်းပြားသည့် ပုံရိပ်။ လူသုံးကုန်ပစ္စည်းဈေးကွက်ယန္တရား၏ အသေးငယ်ဆုံးအစိတ်အပိုင်း၊ အောက်ခြေလူတန်းစားအစ လူလတ်တန်းစား၊ အစိုးရဝန်ထမ်းအပါအဝင် သူသူငါငါအလွှာစုံ နေ့ညအစဉ် ထိတွေ့ဆက်ဆံပတ်သက်နေရသည့် ကုန်စည်ရပ်ဝန်းငယ်။ ရင်းနှီးကျွမ်းဝင်လွန်း၍ ရိုးအီနေပြီဖြစ်သည့် လူမှုဘဝရှုခင်းမှ ပုံရိပ်တစ်စွန်းတစ်စဟု ဆိုနိုင်သည်။ အိမ်ဆိုင်တစ်ဆိုင်၊...

Royal Hinthar ဟိုတယ် အနိမ့်ဆုံးလုပ်ခလစာ ပြဿနာအား ညှိနှိုင်းမှု ပြေလည်

မော်လမြိုင်၊ နိုဝင်ဘာ ၁၇ Royal Hinthar ဟိုတယ်ရှိ ဝန်ထမ်းများ အနိမ့်ဆုံး လုပ်ခလစာ မရသည့်ကိစ္စကို အလုပ်သမား ဦးစီးဌာန၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် နိုဝင်ဘာ ၁၇ ရက်နေ့က ပြေလည်မှုရရှိခဲ့ကြောင်း သိရသည်။ ဧည့်သည်များဆီက ဝန်ဆောင်မှု ၁၀ရာခိုင်နှုန်းရရှိသည့်အပေါ်တွင် ဝန်ထမ်းများကို ၅ရာခိုင်နှုန်းသားပေးသည့် အတွက် ၇ရာခိုင်နှုန်းရရှိရန်...
- Advertisement -