Sunday, November 19, 2017

ပွဲစားဆို ချိုနဲ့လား

‘ထိုင်းကိုသွားမယ့် အလုပ်သမားတွေကို ပြောချင်တာကတော့ ပွဲစားတွေကို မယုံပါနဲ့ဆိုတဲ့စကားပါပဲ ’ ပြည်ပအလုပ်အကိုင်အေဂျင်စီ အဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးကျော်ဇော၏ အကြံပြုစကားက ၎င်းတို့၏ ရုံးခန်းအတွင်းမှ ထွက်ပေါ်လာသည်။ ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ခွင့် ရခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုအချိန်ထိ အထောက်အထားမပြည်စုံစွာဖြင့် ထိုင်းသို့ အလုပ်လုပ်ရန်ဝင်ရောက်နေကြသည့် သူများရှိနေကြဆဲ။ ယင်းကဲ့သို့ဖြစ်နေရခြင်းမှာ...

မွန်နိုင်ငံရေး ဘယ်သူရေးမလဲ?

မွန်နိုင်ငံရေးပါတီများ၏ ပေါင်းစည်းရေးကိစ္စသည် မွန်ပြည်သူများ မျှော်လင့်ထားသည့် ရလဒ်တစ်ခုကို ညှိနှိုင်းရေးအဖွဲ့က ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိသည်မှာ အားလုံးအသိပင် ဖြစ်သည်။ မွန်နိုင်ငံရေးပါတီပေါင်းစည်းရေး ဖြစ်နိုင်ခြေ မရှိတော့ကြောင်း ညှိနှိုင်းရေးအဖွဲ့ထုတ်ပြန်ပြီးနောက် လာမည့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် မွန်နိုင်ငံရေးပါတီပေါင်းစည်းရေး သို့မဟုတ် ပူးပေါင်းဆောင်ရွက် ရေးကိစ္စ တစ်ရပ်ရပ်ကို လိုအပ်လာမည့်အပြင် မွန်တိုင်းရင်းသားအတွက် တိကျခိုင်မာစွာ...

မလူသာ မလွန့်သာ ကြက်ဝေဒနာ

“လူတစ်ယောက်ဆိုတာ အရက်နဲ့သာနေ့စဉ် ကင်းချင်ရင်ကင်းလိမ့်မယ်။ ကြက်နဲ့ ကင်းဖို့ဆိုတာ မလွယ်လောက်ဘူး။ ကြည့် လေ၊ ကြက်သား၊ ကြက်ဥဆိုတာ နေ့စဉ် ဟင်းလျာထဲမှာ မပါရင်တောင်မှ မုန့်ပဲသရေစာထဲမှာလည်း ပါဝင်နေတာပဲကိုး။ ဒီဘက်ခေတ်မှာဆို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ကြက်သားမှုန့်အသုံးပြုမှုကလည်း ပိုပြီး ကျယ်ပြန့်လာတယ်“ ယနေ့လူသားတို့၏ နိစ္စဓူဝဘဝတွင် ကြက်ဥ၊ ကြက်သားစားသုံးမှု တွင်ကျယ်နေခြင်းအပေါ်  မော်လမြိုင်မြို့ခံလူငယ်တစ်ဦးက...

မရေမရာ ရော်ဘာ

“လက်ရှိရော်ဘာဈေးက “နွားထီးငါးကျပ်၊ နွားမငါးကျပ်“ ဆိုသလိုပဲ။ အရည်အသွေးကောင်းအောင်လုပ်ပြီးမှ ရောင်းလည်း အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း ရတာပဲအဖတ်တင်တယ်။ ဝယ်လက်ပေးတဲ့ဈေးနှုန်းက အရည်အသွေးကောင်းတာ၊ မကောင်းတာအကြားကွာဟချက် ဘာမှ မရှိတဲ့အခြေအနေပဲ...“ လက်ရှိကာလ မွန်ပြည်နယ် ရော်ဘာဈေးကွက်တွက် ရောင်းဝယ်ရာ၌ အရည်အသွေးအနိမ့်၊ အမြင့်အလိုက် ဈေးနှုန်းကွာခြားမှုကျဉ်းမြောင်းခြင်းအပေါ် ချောင်းဆုံမြို့နုယ် ဘိုးနက်ကျေးရွာမှ ရော်ဘာတနိုင်တပိုင်...

ဥပဒေချိန်ခွင်လျှာ ဘယ်လားညာလား…

“အစိုးရအနေနဲ့ ကျွန်တော်တို့ပြည်သူတွေကို ပျော်အောင်ဘယ်လိုထားမလဲ။ လုံခြုံမှုရှိအောင် ဘယ်လိုလုပ်ပေးမလဲဆိုတာ ထွက်တော့ ပြောပေးဖို့တော့ လိုအပ်လိမ့်မယ်လို့ထင်တယ်။ အခုဟာက ဘာတွေစီမံထားမှန်းလည်း မသိဘူး။ ဘာတွေလုပ်ပေးထားမှန်းလည်းမသိဘူး။ မူးယစ်ဆေးဝါးမှုတွေ ဖမ်းမိတာလည်း အများကြီး။ လူသတ်မှု၊ လုယက်မှုတွေဖြစ်နေတာလည်း အများကြီး။ အဲဒီအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလား၊ မရှိဘူးလားဆိုတာ ကျွန်တော်တို့ ပြည်သူတွေ...

အထက်တစ်ဝက် အောက်တစ်ဝက် အိုအက်စ်အက်စ်

“ကျွန်တော်တို့အနေနဲ့ ဒီလိုဝန်ဆောင်မှုပေးတဲ့ ရုံးရှိတယ်ဆိုတာ တကယ်မသိပါဘူး။ သူတို့အဖွဲ့က ပြည်သူတွေကို အမှန်တကယ် ဝန်ဆောင်မှုပေးမယ်၊ ကူညီပေးမယ်ဆိုရင်တော့ အရမ်းကောင်းတာပေါ့“ မော်လမြိုင်ဇာတိစစ်စစ်ဖြစ်သူ ကိုလင်းထက်က ရုံးကြီးလမ်းအတိုင်းဖြည်းညင်းစွာ လျှောက်ဝင်လာရင်း ပြောသည်။ မုတ်သုံမိုးဖွဲဖွဲက မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်အပေါ် တစိမ့်စိမ့်သွန်းဖြိုးရွာချနေသည်။ အထက်လမ်းမကြီးတစ်လျှောက်ဝယ် မိုးစက်တို့က ငွေရောင်မြားတံလေးများအစင်းစင်း မိုးယံမှ ထိုးဆင်းစိုက်ကျလာသည့်နှယ်။ မော်လမြိုင်လမ်းမများပေါ်ဝယ် ကားတွေ၊...

ဆယ်ကျော်သက်နဲ့ လိင်

ဆုမင်းကို ရှစ်တန်းကျောင်းသူ မခင်မျိုးဆွေ တစ် ယောက်ကျူရှင်ခန်းထဲမှာ အထိတ်တလန့် တစ်ခု နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မျက်နှာနီမြန်းလာပြီး စိတ် တွေလည်း ဆောက်တည်ရာမရ ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်နေမှန်း မသိတာ ကြောင့် နောက်ဆုံးမှာ ကြောက်လန့်တကြား ငို ယိုပြီး အိမ်ကိုပြန်ပြေးပါတော့တယ်။ အဲဒီအချိန်၊ အဲဒီနေရာမှာ ကျူရှင်သင်ပြ...

သွေးခင်းသောလမ်း ခြေလှမ်း၇၀

ကျည်ဆန် ၅၆ တောင့်မျှဖြင့် တစ်မျိုးသားလုံး၏ ရင်ကို ထိခိုက်နာကျင်အောင်ချိန်ရွယ်ပစ်ခတ်၍ ရသည်ဆိုလျှင် ထိုတစ်နေ့မှာ ၁၉၄၇၊ ဇူလိုင်လ ၁၉ ရက်မှ လွဲ၍ တပါးသောရက်စွဲမဖြစ်နိုင်ချေ။ အာဇာနည် ၉ ဦး၏ ခန္ဓာကိုယ်များဆီ ထိမှန်နစ်ဝင်ခဲ့သော ထိုကျည်ဆန် (၅၆) တောင့်သည် ယခုနှစ်ပေါင်း (၇ဝ)...

ဝါဆိုပုန်းညက် လွမ်းသင့်ဝေသီ…

“အရင်ခေတ်ကဆိုရင် လူငယ်တွေစုဖွဲ့ပြီး တောင်ပေါ်တွေဆီသွားကြတယ်၊ တောပန်း တောင်ပန်းလေးတွေ အပြိုင်အဆိုင်၊ အလုအယက် လှည့်ခူးကြတယ်။ ပြီးတော့ ညနေဘက်ရောက်တဲ့အခါ ဘုရားသွားပြီး ဝါဆိုပန်းတွေ ကပ်လှူကြတယ်၊ ဘုန်းကြီးကျောင်းသွားပြီး ဝါဆိုမယ့်သံဃာတွေကို ကန်တော့ကြနဲ့ တစ်စုတဝေးကြီး ပျော်စရာ။ ဒီဘက်ခေတ်ရောက်လာတော့ လူငယ်တွေက ဒီပွဲမျိုးကို စိတ်ဝင်စားမှု အားနည်းလာတာ တွေ့ရတယ်” မုတ္တမ၊...

အဆီတဝင်းဝင်း၊ သဲတရှပ်ရှပ်…. ကျောက်မီးသွေးဇာတ်

“ဆိုးကျိုးအနည်းဆုံးနဲ့ “ကောင်းပေ့“ ဆိုတဲ့ သဘာဝဓာတ်ငွေ့ကိုတော့ သူများနိုင်ငံကို ရောင်းချတယ်။ သူများဆီက “ဆိုးပေ့“ ဆိုတဲ့ ဟာတွေကို ပြည်တွင်းမှာ ပြန်ယူသုံးဖို့ ကမ်းလှမ်းတယ်ဆိုတာက ကျွန်တော်တို့ နိုင်ငံသားတွေအတွက် အင်မတန်နစ်နာလွန်းတယ်“ ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူမှုနှင့် ပတ်သက်၍ မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက လက်ငင်းအခြေအနေအပေါ်သုံးသပ်ချက်စကားဖြစ်သည်။ မွန်ပြည်နယ်သည် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏ...
- Advertisement -

Latest article

ကျိုက်ထီးရိုး ကေဘယ်ကား စီးနင်းသူများ၏ အသက်အာမခံ အတွက် IKBZ နှင့် ချိတ်ဆက်ထား

နိုဝင်ဘာ ၁၉၊ ၂၀၁၇။ မြန်မာနိုင်ငံ၏ ပထမ ဦးဆုံးသော ကေဘယ်ကား စီမံကိန်း ဖြစ်သည့် ကျိုက်ထီးရိုး ကေဘယ်ကား စီမံကိန်းတွင် စီးနင်းသူ များ၏ အသက်အာမခံ အတွက် IKBZ နှင့် ချိတ်ဆက် ဆောင်ရွက် ထားပြီး မြန်မာ နိုင်ငံသား တစ်ဦးလျှင်...

ကျူရှင်ပြဿနာ ဝိုင်းဝန်း အဖြေရှာကြစို့ရဲ့

ဒီနေ့လို မြို့နယ်ရုံး အစည်းအဝေးရှိသောနေ့များတွင် ကျောင်းအုပ်ဆရာမကြီးက ကျောင်း၏လုပ်ငန်းတာဝန်များကို ကျွန်မအား လွှဲခဲ့လေ့ရှိပါသည်။ ဒီနေ့လည်း ခါတိုင်းကဲ့သို့ပင် စာသင်ခန်းဝင် သင်ကြားရုံသာမက ကျောင်းလုပ်ငန်းတာဝန်များကို ပူးတွဲ တာဝန်ထမ်းရင်း နေ့လယ် ထမင်းစားကျောင်းဆင်းချိန်သို့ပင် ရောက်လို့လာလေပြီ။ ကလေးများ၊ ဆရာဆရာမများ၊ ရုံးဝန်ထမ်းများရှင်းချိန်တွင် အမျိုးသမီးတစ်ယောက် ကလေးငယ်တစ်ယောက်ကို လက်ဆွဲလျက် ကျွန်မနားနေရာ ရုံးခန်းထဲ...

မော်လမြိုင်အိမ်ဆိုင်များရှေ့ ဖြတ်လျှောက်ခြင်း

အိမ်ဆိုင်..... ဘာမှတော့မထူးဆန်း။ မြို့ပြနှင့် ကျေးလက်၏ လူနေစု ရပ်ကွက်တကာ၌ လမ်းကြိုလမ်းကြားပါမကျန် ဟိုဟိုသည်သည် နေ့စဉ်မြင်တွေ့နေကျ မြင်ကွင်းများထဲမှ မထူးထွေမဆန်းပြားသည့် ပုံရိပ်။ လူသုံးကုန်ပစ္စည်းဈေးကွက်ယန္တရား၏ အသေးငယ်ဆုံးအစိတ်အပိုင်း၊ အောက်ခြေလူတန်းစားအစ လူလတ်တန်းစား၊ အစိုးရဝန်ထမ်းအပါအဝင် သူသူငါငါအလွှာစုံ နေ့ညအစဉ် ထိတွေ့ဆက်ဆံပတ်သက်နေရသည့် ကုန်စည်ရပ်ဝန်းငယ်။ ရင်းနှီးကျွမ်းဝင်လွန်း၍ ရိုးအီနေပြီဖြစ်သည့် လူမှုဘဝရှုခင်းမှ ပုံရိပ်တစ်စွန်းတစ်စဟု ဆိုနိုင်သည်။ အိမ်ဆိုင်တစ်ဆိုင်၊...
- Advertisement -