အားဆေးတိုက်ကျွေးရာမှ ဗိုက်အောင့်၊ခေါင်းမူးအောအန် လာသောကြောင့် ကျောင်းသား /ကျောင်းသူ ၁၂၉ဦးကို ဆေးရုံတင်ခဲ့ရ

ထားဝယ်၊ သြဂုတ် ၁၃ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် သြဂုတ်လ ၁၃ရက်နေ့၊ နံနက်ပိုင်းကျောင်းတက်ချိန်၌ ကျောင်းသား၊ကျောင်းသူများကို အားဆေးတိုက်ကျွေးရာ ဗိုက်အောင့် ခေါင်းမူးအော့အန်ခြင်းဖြစ်ပွား၍ ၁၂၉ ဦးအား အရေးပေါ်လောင်းလုံးမြို့ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ယင်းစာသင်ကျောင်းထံမှ သိရသည်။ အဆိုပါ အားဆေးကို ကျန်းမာရေးဌာနမှပေးထားသည်မှာ တစ်လအကြာချိန်အထိမကျွေးဖြစ်သေး၍ ကလေးများ သွေးအားနည်းနေ၍...

ထားဝယ်ခရိုင်လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးရေးအတွက် ကုမ္ပဏီ ၂ခု တင်ဒါလျှောက်ထား

ထားဝယ်၊ သြဂုတ် ၉ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့်ဖြန့်ုဖြူးခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက်အိတ် ဖွင့်တင်ဒါကို ရန်ကုန်အခြေစိုက်ကုမ္ပဏီ ၂ခု လျှောက်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။ “ ကုမ္ပဏီ ၂ခုပဲလျှောက်တယ်”ဟု ဦးအောင်သူရ ကဆိုသည်။ အိတ်ဖွင့်တင်ဒါလျောက်လွှာဝယ် ယူသူ၂၇ဦးရှိသည်အနက်မှအဆိုပါကုမ္ပဏီ၂ခုမှ လျောက်လွှာပိတ်ရက်နေ့ဖြစ် သည့်သြဂုတ်လ ၈ ရက်နေ့တွင် တင်ဒါ ယှဉ်ပြိုင်ရန် လျှောက်ထားကြောင်း၎င်းက...

ကိုကိုးကျွန်း တိုက်ပွဲ အတွင်းကျဆုံးသွားသူများ ကို ဂါရဝပြု

ထားဝယ်၊ ဩဂုတ် ၁ ကိုကိုးကျွန်းတိုက်ပွဲအတွင်း ကျဆုံးသွားသော ပြည်သူ့သူရဲကောင်း(၈)ဦးအား ဂါရဝပြုခြင်းအခမ်းအနား ကို ဇူလိုင်လ ၃၁ ရက် နေ့က ထားဝယ်မြို့ တွင်ကျင်းပပြုလုပ်ခဲ့သည်။ ကိုကိုးကျွန်းပြန်နိုင်ငံရေးသမားများ၏ရန်သူသည်လူမဟုတ်ဘဲ့ စစ်အာဏာရှင်စနစ်ဖြစ်ကြောင်း ကိုကိုးကျွန် းပြန်နိုင် ငံရေးသမားဦးဖြစ်သူ လှိုင်တင်က အဆိုပါ အခမ်းအနား တွင် ပြောကြား သည်။ “အဲဒါ နဲ့နဲ့ခွဲခွဲခြားခြား...

တိုင်းအစိုးရအစီအစဉ်ဖြင့် မြိတ်မြို့တွင် ပထမဆုံးအကြိမ်ရင်းနှီးမြှပ်နှံမှုဖိုရမ် ကျင်းပပြုလုပ်မည်

ထားဝယ်၊ ဇူလိုင် ၂၅ တနင်္သာရီတိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် ပထမဆုံးအကြိမ်ရင်းနှီးမြှပ်နှံမှုဖိုရမ်အား မြိတ်မြို့၌ အောက် တိုဘာလ ၁၉ရက် နှင့်၂၀ရက်နေ့တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးဒေါ်သန်းသန်းနုက ပြောကြားသည်။ “နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒီကလုပ်ငန်းရှင်နဲ့ချိတ်ဆက်ပေးမယ့် ပွဲလည်းဖြစ်တယ်”ဟု ဒေါ်သန်းသန်းနု က ဆိုသည်။ ယင်းဖိုရမ်သို့ လာမည်နိုင်ငံခြားသားများက SMEလုပ်ငန်းရှင်များတွင် နည်းပညာ/စက်ကိရိယာမရှိပါက လိုအပ်လျင်...

အဂတိအမှုဖြင့် တရားစွဲခံရသော GGSကုမ္ပဏီမှ တာဝန်ရှိသူ ၂ ဦး အာမခံလျောက်ထားမှု ထပ်မံပယ်ချ

ထားဝယ်၊ ဇူလိုင် ၂၃ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံနေသော GGSကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်မြတ် နှင့် ဦးသူရအုံတို့က အမှုတောအတွင်းအချုပ်လွှတ်ထုချေခွင့်ပြုရန် အာမခံလျောက်ထားမှုကို ဇူလိုင်လ၂၃ရက် နေ့ရုံးချိန်တွင်ပယ်ကြောင်း အမိန့်ချခဲ့သည်ဟု တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်ထံမှ သိရသည်။ “ ရာဇဝတ်ကြီးအမှုအမှတ် (၃/၂၀၁၉)နဲ့(၄/၂၀၁၉)က တရားခံ ဦးအောင်မြတ်နဲ့ ရာဇဝတ်ကြီးအမှုအမှတ် (၄/၂၀၁၉)က တရားခံ ဦးသူရအုံတို့ရဲ့...

အန္တရာယ်ဖြစ်နိုင်ခြေရှိသော လျှပ်စစ်မီးတိုင်နှင့် မီးကြိုးများ လဲပေးရန် တင်ပြထား

ထားဝယ်၊ ဇူလိုင် ထားဝယ်ခရိုင်အတွင်းမီးသုံးစွဲသူပြည်သူများအန္တရာယ်ရှိနိုင်သည့်လမ်းမီးတိုင်များနှင့်မီးကြိုးများ လဲလှယ်ပေးရန် ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့့်ဖြူးခြင်းဆိုင်ရာ အထောက်အကူပြု ဗဟိုကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌသို့ တင်ပြထားကြောင်း GGS ကုမ္ပဏီက အထွေထွေ မန်နေဂျာဦးမြတ်သူနိုင်ကပြောကြားသည်။ “လက်ရှိ အခြေအနေမှာ ဒီလိုဖြစ်နေတယ်၊ မင်းတာဝန်ဆိုရင် ကျွန်တော်ခံလုပ်လို့ မရဘူး၊ ခေတ်အဆက်ဆက် လုပ်လာတာ” ဟု ယာယီ...

တနင်္သာရီတိုင်းတွင် မိုးကြိုးပစ်ခံရခြင်းကြောင့် ၁၁ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၇ ဦးထိရှိလာ

ထားဝယ်၊ ဇူလိုင် ၁၆ တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်စမှ ဇွန်လကုန်အထိ မိုးကြိုး ၁၀ ကြိမ်ပစ်ခံ ရခြင်းကြောင့် လူ (၁၁)ဦး သေဆုံးပြီး ဒဏ်ရရှိသူ ၇ ဦးထိရှိလာကြောင်း တနင်္သာရီတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။ “ဒီနှစ်ကတော့ ဘေးဖြစ်တာများတယ်၊ ရာသီဥတုအနေအထားက အပူများလို့ရှိရင်လည်း မိုးကြိုးပစ်နိုင်တဲ့ အလာအလာတွေ...

ထားဝယ်မြစ်ကူးတံတားအသစ်ကို မင်းရပ် ကူးတို့ဆိပ်ကမ်းဖက်တွင် တည်ဆောက်ရန် မြို့ခံများ အဆိုပြု

  ထားဝယ် ဇူလိုင် ထားဝယ်မြို့အနောက်ဖက် ကမြောကင်းတံတားအနီးတွင် နှစ်လမ်းသွား သံကူကွန်ကရစ်တံတားအသစ် တည်ဆောက်မည့်အစား မင်းရပ်ကူးတို့ဆိပ်ကမ်းဖက်မှ ထားဝယ်မြစ်ကူး တံတားသစ်တစ်စင်း တည်ဆောက်ရန် ထားဝယ်မြို့ခံများက အဆိုပြုသည်။ တနင်္သာရီတိုင်းဒေသကြီးလမ်းဦးစီးဌာနရုံးတွင် ဇူလိုင်လ ၇ရက်နေ့က ပြုလုပ်သော တံတားအသစ်တည် ဆောက်မည့်ကိစ္စနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် ယင်းသို့ အဆိုပြုခဲ့ခြင်းဖြစ်သည်။ “ လောင်းလုံးမြို့နယ်နဲ့ ထားဝယ်မြို့နယ်ချဉ်းကပ်ပြီးတော့ ဆက်သွယ်မှုလမ်းကြောင်းတံတားသည်...

ယခုဘဏ္ဍာနှစ်တွင် ကျေးလက်လမ်းများအတွက် အဓိက ဦးစားပေး သုံးစွဲမည်

ထားဝယ် ဇူလိုင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် ဘဏ္ဍာငွေများ အဓိကထား သုံးစွဲမည်ဖြစ်ကြောင်း အဆိုပါ တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနထံမှ သိရသည်။ ယင်းလမ်းအပိုင်းတွင် ကျေးလက်လမ်းအပိုင်းကို အဓိက ဦးစားပေး သုံးစွဲသွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီ တာဝန်ရှိသူများက ဆိုသည်။ “ကျေးလက်လမ်းကို ဦးစားပေးမယ်”ဟု အထက်ပါဌာန ညွှန်ကြားရေးမှူး ဦးနေလင်းထက်က...

ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲတွင် အပူရှပ်၍မူးလဲခြင်းကြောင့် ကျောင်းသူ ၃၂ ဦး အရေးပေါ်ဆေးတင်ခဲ့ရ

ထားဝယ်၊ ဇူလိုင် ၁၂ ထားဝယ်မြို့၊ မြောင်းပုလဲရပ်ကွက်ရှိအမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းကွင်းပြင်တွင် ကျောင်း ကောင်စီကတိသစ္စာခံယူပွဲကို ဇူလိုင်လ(၁၁)ရက်နေ့၊ နံနက်၉နာရီခွဲအချိန်က ပြုလုပ်ရာအပူရှပ်၍ မူးလဲခြင်းဖြစ်ပွားခဲ့ရာမှ ကျောင်းသူ ၃၂ ဦး ထားဝယ်ဆေးရုံကြီးသို့ အရေးပေါ်တင်ပို့ခဲ့ရကြောင်း သိရသည်။ ပညာရေးပြက္ခဒိန်အရ ၉ နာရီခွဲတွင် ကျောင်းကောင်စီကတိသစ္စာခံယူပွဲလုပ်ခဲ့ပြီး အစလုပ်တဲ့အချိန်ကနေ နောက်ဆုံးအခမ်အနားသိမ်းသည့်အချိန်အထိ မိနစ်၃၀ကြာသွားကြောင်း၊...