Saturday, February 24, 2018

သထုံမြို့ ဗူးဘုရားစေတီတော်တွင်ထားရှိသော နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော်မြတ်များအား အသင်း အဖွဲ့များဖြင့် ပင့်ဆောင်ပူဇော်

သထုံ၊ အောက်တိုဘာ ၂၄ ရက်။ မွန်ပြည်နယ်၊ သထုံမြို့ ဗူးဘုရားစေတီတော်တွင် တည်ထားသော နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော်မြတ်များအား သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအသီးသီးမှ ဒေသခံများက အသင်းအဖွဲ့များဖြင့် ပင့်ဆောင် ပူဇော်ခံလျက်ရှိကြောင်း သိရှိရသည်။ နှစ်စဉ်ကျင်းပမြဲ မြို့လုံးကျွတ် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လှည်ပူဇော်ပွဲပြုလုပ်နိုင်ရန် ကျေးရွာရပ်ကွက်အလိုက် လက်ခံပူဇော်နိုင်စေရန် ဂေါပကအဖွဲ့မှ စီမံပေးလျက်ရှိကြောင်း ဗူးဘုရားဂေါပကအဖွဲ့ထံမှ...

ပန်းဦးလွှတ်သူ ခွန်တန် (ခေါ်) ဇာတ်လိုက်ကို ရှမ်းပြည်နယ်အစိုးရနှင့် ပူးပေါင်းဖမ်းဆီးသွားမည်ဟု မွန်ဝန်ကြီးချုပ်ပြောကြား

ဆရာတော်ဘုရားကြီးဝင်စားသော ဘုရားလောင်းဟုဆိုကာ တရားဝင်ပေါင်းသင်းထားသည့် မိန်းမပျို ခြောက်ဦးထိရှိ မော်လမြိုင်၊ အောက်တိုဘာ ၂၀ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ စရစ်ချောင်းကျေးရွာအုပ်စု၊ အလံတရာနယ်မြေတွင် အလံတရာ ဆရာတော် ဝင်စားသည်ဟု ဆိုသော ခွန်တန်(ခေါ်)ဇာတ်လိုက်ကို ဖမ်းဆီးရန် ရှမ်းပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။ “ဒီကိစ္စက...

အလံတစ်ရာစေတီတော်ကို ခွင့်ပြုချက်မရဘဲ ပြုပြင်သူ ငါးဦးဖမ်းဆီးခံရ

သထုံ၊ စက်တင်ဘာ ၁၃ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာမှ အလံတစ်ရာစေတီတော်ကို မြို့နယ်သံဃာ့နာယကအဖွဲ့၏ ခွင့်ပြုချက်မရဘဲ ပြုပြင်လုပ်ဆောင်သူ ငါးဦးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း သထုံမြို့နယ်တရားရုံးမှ သိရသည်။ “ဒါကအများနဲ့ဆိုင်တဲ့စေတီဖြစ်တဲ့အတွက် ဒီပြဿနာတွေ ဒီလိုစဖြစ်လာတာ အစကတည်းက ကြားတော့ကြားတယ်၊ တိုင်ကြားမယ့်သူမရှိတော့ အရေးယူဖို့ဆိုတာ ထိထိရောက်ရောက် အရေးယူလို့မရဘူး။ အခုဟာက တိုင်ကြားတဲ့ ပုဂ္ဂိုလ်တွေရှိလာတဲ့အခါကျတော့ မြို့နယ်သံဃာ့နာယကအဖွဲ့ဆရာတော်တွေရဲ့...

တင်းတောင်းအသုံးနည်းလာခြင်းကြောင့် မိရိုးဖလာ တောင်းရက်လုပ်ငန်း လုပ်ကိုင်သူရှားပါးလာ

သထုံ၊ သြဂုတ် လယ်ယာလုပ်ငန်းများတွင် ယခင်ကဝါးနှီးဖြင့် ရက်လုပ်သော တင်းတောင်း၊ လောင်းတောင်းများကို အသုံးပြုကြသော်လည်း ယခုအခါ ကော်ပုံး၊ သံပုံးများကိုအစားထိုးအသုံးပြုလာကြသဖြင့် မိရိုးဖလာ ဝါးနှီးတင်းတောင်း ရက်လုပ်သူရှားပါးလာကြောင်း ပေါင်မြို့နယ် ကျောက်ရေတွင်းကျေးရွာမှ အဆိုပါ လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။ “အရင်ကဆိုတစ်ရွာလုံးရက်ကြတာ၊ အလုပ်လည်းကောင်းတယ်၊ အခုကကော်ပုံးတွေသံပုံးတွေနဲ့ သုံးလာကြတင်းတောင်းအသုံးနည်းလာခြင်းကြောင့် မိရိုးဖလာ တောင်းရက်လုပ်ငန်း လုပ်ကိုင်သူရှားပါးလာတော့ အရင်ကလောက်မတွင်ကျယ်တော့ဘူးလေ၊...

သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံနှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်မည်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် တည်ဆောက်လျက်ရှိသော သဘာဝ ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ စက်ရုံ အင်ဂျင်နီယာမှူး ဦးကျော်သက်က ပြောကြား သည်။ "ဒီသထုံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံသစ်ကို အသစ်တည်ဆောက်ရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားမလုံလောက်မှုနဲ့ဓာတ်အားပြတ်တောက်မှုတွေ...

ဒစ်ဂျစ်တယ်စနစ်ဖြင့်ပြသမည့် သထုံမြို.၏ ပထမဆုံးအဆင့်မြင့်ရုပ်ရှင်ရုံ ဇွန်လအတွင်းဖွင့်မည်

သထုံ မေ မွန်ပြည်နယ် သထုံမြို.တွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြသမည့်သထုံမြို.၏ တစ်ခုတည်းသော အဆင့်မြင့်ရုပ်ရှင်ရုံဖြစ်သည့် Paradiseo Cinema (Thaton)အား ယခုလအတွင်း ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်၊၊ အဆိုပါရုပ်ရှင်ရုံကို သထုံမြို့မြကျွန်းသာပန်းခြံအတွင်း တည်ဆောက်ထားခြင်းဖြစ်ပြီး အလျား ၇၅ ပေ အနံ ၅၀ပေ ကျယ်ဝန်း၍ တစ်ထပ်အဆောက်အဦဖြစ်ကာ ပွဲချိန်တစ်ခုလျှင်ရုပ်ရှင်ကြည့် ပရိသတ်...

သထုံမြို့နယ်တွင် မိုးစပါး လယ်မြေဧက ၅၀၀ ကျော်ကို ပထမဆုံး ကန်ထရိုက်စနစ်ဖြင့် စိုက်ပျိုးရန်စီစဉ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင်  မိုးစပါး လယ်မြေ ဧက ၅၀၀ ကျော်ကို ကန်ထရိုက်စနစ်ဖြင့် ပထမဆုံး စိုက်ပျိုးနိုင်ရန်အတွက်  စီစဉ်လျက်ရှိကြောင်း ရွှေဦးဝေ ကုမ္ပဏီလီမီတက်မှ သိရသည်။ မိုးစပါးများကို တောင်သူလယ်သမားများ၊ ကုမ္ပဏီ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အကျိုးတူ ...

ထောင်ဝင်စာဧည့်တွေ့လာရောက်သူ အမျိုးသမီးတစ်ဦး ယူဆောင်လာသည့် သွားတိုက်ဆေးဗူးအတွင်မှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မော်လမြိုင်၊ မတ် ၃၀ ။ ။ သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်တွင် မတ် ၂၉ ရက် နံနက် ၁၁ နာရီက လောင်းကစားအမှုဖြင့် အပြစ်ဒဏ် ကျခံနေသူ ဦးဂျော်နီရှိန်ကို...

သထုံမြို့တွင် ရော်ဘာ ရောင်းဝယ်ရေး နေအိမ်ဂိုဒေါင် မီးလောင်ရာမှ နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံး

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၈ ။ ။ မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ ရှမ်းစုအလယ်တန်းလမ်းနှင့် နန်းတော်ဦးလမ်းထောင့်ရှိ ဒေါ်ကြည် ရော်ဘာရောင်းဝယ်ရေး နေအိမ်ဂိုဒေါင်အတွင်းရှိ ရာဘာပြားများပေါ်ရှိ ဝါတာကိုလာနှင့် ဆက်သွယ် ထားရှိသော...

လျှပ်စစ်ဓာတ်အားမရောက်ရှိသေးသည့် ဒေသများကိုပုဂ္ဂလိကလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရန်မွန်ပြည်နယ် လွှတ်တော်ထံတင်ပြ

မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မွန်ပြည်နယ်အတွင်းအစိုးရလျှပ်စစ်ဓါတ်အားဖြန့်ဖြူးခြင်း မရှိသေးသည့် သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်များမှကျေးရွာများသို့ လျှပ်စစ်ဓာတ်အားပေးနိုင်ရေးအတွက် လုပ်ငန်းစီမံချက်များအား ပုဂ္ဂလိကကုမ္ပဏီဖြစ်သောSEGEPကုမ္ပဏီက မွန်ပြည်နယ်လွှတ်တော်သို့တင်ပြထားကြောင်း အဆိုပါကုမ္ပဏီ၏မန်နေဂျင်းဒါရိုက်တာဦးမောင်မောင်မြင့်က ပြောသည်။ ကျေးရွာများတွင် သင့်လျော်သောဓာတ်အားခဈေးနှုန်းဖြင့်၂၄ နာရီပတ်လုံး လျှပ်စစ်ဓါတ်အားရရှိစေရန်နှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်များ၊ စက်ရုံ၊ အလုပ်ရုံများတွင်လည်း...
- Advertisement -

Latest article

”ကျောင်းသားတစ်ယောက်ကို ကျောင်းထုတ် အရေးယူတယ်ဆိုရင် တော်တော်ပြင်းထန်တဲ့ အရေးယူမှုလို့ ယူဆတယ်”

မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မနှင်းဝေးသူ နှင့် တွေ့ဆုံခြင်း တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများ ကြုံတွေ့နေရသည့် အခက်အခဲ လိုအပ်ချက်များနှင့် ပတ်သက်၍ မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မနှင်းဝေးသူနှင့် သွားရောက်တွေ့ဆုံမေးမြန်းချက်များကို ဟင်္သာမီဒီယာက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။   ဟင်္သာမီဒီယာ ။ ။ ညီမအနေနဲ့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ...

စိတ်ဖိစီးမှုကြောင့်ဖြစ်သော ပြဿနာများနှင့် Stress ulcer

စိတ်ဖိစီးမှုများ၍ ပူအိုက်သောယခုကဲ့သို့အချိန်တွင် ကလေးသူငယ်များတွင် အပူနာဟုခေါ်သော စိတ်ဖိစီးမှုကြောင့်ဖြစ်သော အနာများကို ပါးစပ်၊နှုတ်ခမ်းတစ်ဝိုက်တွင်ဖြစ်တတ်သည်။ ထိုအနာကို စိတ်ဖိစီးမှုကြောင့်ဖြစ်သောအနာ stress ulcer ဟုခေါ်သည်။ ယခုခေတ်တွင် ပြိုင်ဆိုင်မှုပြင်းထန်လာမှုကြောင့် နေ့စဉ်လူမှုနေထိုင်ရေးဘဝတွင် စိတ်ဖိစီးမှုသည် အလွန်ကိုဖိစီးသောရောဂါတစ်မျိုးဖြစ်လာသည်။ အိပ်မပျော်ခြင်း၊ စိတ်ညစ်ခြင်းနှင့် ကိုယ်လက်မကြည်မသာဖြစ်ခြင်းသည် စိတ်ဖိစီးမှု၏ ရောဂါလက္ခဏာဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထို့သို့သော စိတ်ဖိစီးမှုကြောင့်...

တရုတ်နိုင်ငံတွင် ပထမဆုံးသော H7N4 ငှက်တုပ်ကွေးကူးစက်ခံရမှုတွေ့

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ အမျိုးသမီးတစ်ဦးမှာ H7N4 ငှက်တုပ်ကွေးကူးစက်ခံနေရပြီး အဆိုပါ ကူးစက်ခံရမှုမှာ လူသားတွင် ပထမဆုံး ကူးစက်ခံရမှုဖြစ်ကြောင်း တရုတ် အာဏာပိုင်များထံမှ သိရသည်။ ဟောင်ကောင်နိုင်ငံ အာဏာပိုင်များကတော့ ဟောင်ကောင်နိုင်ငံသားများအနေဖြင့် တရုတ် ပြည်ပကြီးထဲသို့ ခရီးသွားပါက စိုစွတ်သော ဈေးများသို့ မသွားကြရန်၊ ကြက်ခြံများသို့ မသွားရောက်ကြရန် သတိပေးနှိုးဆော်ထားသည်။ ယခုအခါတွင်...
- Advertisement -