Sunday, January 21, 2018

သံဖြူဇရပ်ယာဉ်ပတ်အဝိုင်းတွင် ဟင်္သာရုပ်တုအသစ် ပြန်လည်တပ်ဆင်မည်

ယာဉ်မတော်တဆမှုကြောင့် သံဖြူဇရပ်မြို့ ယာဉ်ပတ်အဝိုင်းရှိ ကျိုးပဲ့ပျက်စီးခဲ့သော ဟင်္သာရုပ်တုကို ရုပ်တုအသစ် ထုဆစ်ပြီး ပြန်လည်တပ်ဆင်သွားမည်ဖြစ်ကြောင်း ဟင်္သာရုပ်တုဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။ “ဟင်္သာရုပ်တုအသစ် လုပ်ပြီးတော့ ပြန်တပ်မယ်၊ အခုလောလောဆယ်တော့ စီစဉ်နေတုန်းပဲ”ဟု ဟင်္သာရုပ်တု ဖြစ်မြောက်ရေးကော်မတီ ဦးဆောင်ဆရာတော် ဘဒ္ဒ န္တခေမာနန္ဒက မိန့်ကြားသည်။ ယခင်ထုဆစ်ခဲ့သည့် ဟင်္သာရုပ်တုသည် သိန်း ၆၀ ကျော်ကုန်ခဲ့ပြီး...

သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာနှင့် ကုလားကုတ်ကျွန်း အနီးတစ်ဝိုက်တွင် ဘက်စုံဖွံ့ဖြိုးရေးဇုန် တည်ဆောက်ရန်စီစဉ်

မော်လမြိုင်၊ မတ် ။ ။ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာနှင့် ကုလားကုတ်ကျွန်းအနီးတစ်ဝိုက်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနက်ဆိပ်ကမ်းနှင့် အထည်ချုပ်စက်ရုံများပါသည့် ဘက်စုံဖွံ့ဖြိုးရေးဇုန် တည်ဆောက်သွားရန်ရှိကြောင်း မွန်ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး...

သံဖြူဇရပ်မြို့ကို မြို့မြေဂရန် ပြောင်းပေးမည်၊ ပြည်သူများမြေဂရန်လျှောက်ထားနိုင်တော့မည်

ကျေးရွာဥယျာဉ်ခြံမြေအဖြစ်သာအမည်ပေါက်နေသေးသည့် သံဖြူဇရပ်မြို့တွင် နေထိုင်ကြသောအိမ်ထောင်စုတစ်ခုချင်းစီအတွက် အမည်ပေါက် မြေဂရန်ရရှိရန် မွန်ပြည်နယ်အစိုးရအဖွဲ့မှ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းမွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးထွန်းဌေးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။ သံဖြူဇရပ်မြို့တည်စဉ် အချိန်ကကျေးရွာဥယျာဉ်ခြံမြေနှင့် စားကျက်မြေများအပေါ်တွင် မြို့တည်ရှိခဲ့ခြင်းဖြစ်ပြီးယင်းမြို့မြေအားအခြားနည်းပြောင်းလဲသုံးစွဲခွင့် မထုတ်ပေးရသေးခြင်းကြောင့် အိမ်ထောင်စုများသည်လည်းမြေဂရန် ပိုင်ဆိုင်မှုများမရှိကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ သံဖြူဇရပ်မြို့မြေကိုအခြားနည်းပြောင်းလဲသုံးစွဲခွင့် ထုတ်ပေးပြီးပါကအိမ်ထောင်စုတစ်ခုချင်းစီအနေဖြင့် ဌာနဆိုင်ရာအဆင့်ဆင့်ထံအငှားမြေဂရန် ရရှိရေးအတွက် လျှောက်ထားပါကမြေငှားဂရန်...

လျှပ်စစ်ဓာတ်အားမရောက်ရှိသေးသည့် ဒေသများကိုပုဂ္ဂလိကလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရန်မွန်ပြည်နယ် လွှတ်တော်ထံတင်ပြ

မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မွန်ပြည်နယ်အတွင်းအစိုးရလျှပ်စစ်ဓါတ်အားဖြန့်ဖြူးခြင်း မရှိသေးသည့် သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်များမှကျေးရွာများသို့ လျှပ်စစ်ဓာတ်အားပေးနိုင်ရေးအတွက် လုပ်ငန်းစီမံချက်များအား ပုဂ္ဂလိကကုမ္ပဏီဖြစ်သောSEGEPကုမ္ပဏီက မွန်ပြည်နယ်လွှတ်တော်သို့တင်ပြထားကြောင်း အဆိုပါကုမ္ပဏီ၏မန်နေဂျင်းဒါရိုက်တာဦးမောင်မောင်မြင့်က ပြောသည်။ ကျေးရွာများတွင် သင့်လျော်သောဓာတ်အားခဈေးနှုန်းဖြင့်၂၄ နာရီပတ်လုံး လျှပ်စစ်ဓါတ်အားရရှိစေရန်နှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်များ၊ စက်ရုံ၊ အလုပ်ရုံများတွင်လည်း...

နာမည်ကြီးသရုပ်ဆောင်များပါဝင်မည့် အနုပညာရှင်အသင်းနှင့် သံဖြူဇရပ်လက်ရွေးစင် ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ယှဉ်ပြိုင်မည်

မော်လမြိုင်၊ အောက်တိုဘာလ ။ ။ ဖိုးချစ်၊မြင့်မြတ်၊ ဆိုတေးတို့အပြင် အခြားနာမည်ကြီး တေးသံရှင်နှင့် သရုပ်ဆောင်များ ပါဝင်မည့် အနုပညာရှင် ဘောလုံးအသင်းနှင့် သံဖြူဇရပ်မြို့ လက်ရွေးစင် ဘောလုံးအသင်း တို့ ချစ်ကြည်ရေးယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း ...

စက်စဲသောင်ပြင်ဧရိယာအတွင်းဈေးရောင်းခွင့် အပါအဝင် မော်တော်ယာဉ်၊ မြင်း၊ စက်ဘီးစီးနင်းခွင့် ပိတ်ပင်

မော်လမြိုင်၊ အောက်တိုဘာ ။ ။ သံဖြူဇရပ်မြို့နယ်ရှိစက်စဲကမ်းခြေသာယာလှပရေးအတွက် သောင်ပြင်ပေါ် ဈေးရောင်းခွင့် အပါအဝင် မော်တော်ယာဉ်၊ မြင်း၊ စက်ဘီးစီးနင်းခွင့်အားပိတ်ပင် တားမြစ်လိုက်ကြောင်းမွန်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးထွန်းဌေးကဟင်္သာမီဒီယာသို့ ပြောကြားသည်။ “လောလောဆယ်မှာ ကျွန်တော်တို့ကိုဈေးသည်တွေကအသနားခံစာတင်ထားလို့ ဘုရားပွဲ...

သံဖြူဇရပ်မြို့တွင် ထိုင်းသို့ တရားမဝင်တင်ပို့မည့် ကျွဲကောင်ရေ ၂၀ကျော်ဖမ်းဆီးရမိ

ထိုင်းနိုင်ငံသို့ တရားမဝင်တင်ပို့ရန် ကျွဲကောင်ရေ ၂၀ ကျော် တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး ကို စက်တင်ဘာလ ၂၆ရက်နေ့ က သံဖြဴဇရပ်မြို့နယ် အတွင်း ဖမ်းဆီးရရှိခဲ့ကြောင်း မော်လမြိုင် ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။ အဆိုပါ နေ့ ည ၈နာရီ ဝန်းကျင်ခန့်က သံဖြူဇရပ်မြို့နယ်...

ကျိုက္ခမီဘုရားပွဲတွင် ဖြူဖြူကျော်သိန်းနှင့် ဝိုင်းစုခိုင်သိန်း အပါအဝင် နာမည်ကြီးတေးသံရှင် ၁၁ ဦး လာရောက် ဖျော်ဖြေမည်

ယခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် စတင်ကျင်းပမည့် ကျိုက္ခမီရေလယ်ဘုရား ဗုဒ္ဓပူဇနိယ ပွဲတော် တွင် ဖြူဖြူကျော်သိန်းနှင့် ဝိုင်းစုခိုင်သိန်း တို့အပါအဝင် နာမည်ကြီးတေးသံရှင် ၁၁ ဦးက လာရောက်ဖျော် ဖြေမည် ဖြစ်ကြောင်း ကျိုက္ခမီဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။ တေးသံရှင်...

သံဖြူဇရပ်တွင် အက်ဆစ်ဖြင့်ပက်သည့်အမှုအတွက် သံသယရှိသူကို မိသားစုဝင်များတရားစွဲဆိုထား

သံဖြူဇရပ်မြို့ပေါ်တွင် မေလ ၂၅ ရက်နေ့က သားအဖ နှစ်ဦးကို အက်ဆစ်ဖြင့်အပက်ခံသည့်အမှုအတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် သံသယရှိသူကို အက်ဆစ်ဖြစ်အပက်ခံရသူများ၏ မိသားစုဝင်က တရားစွဲဆိုလိုက်ကြောင်း အဆိုပါမိသားစုဝင်တစ်ဦးဖြစ်သူ မယမင်းသူဇာက ပြောကြားသည်။ ယင်းအမှုနှင့်ပတ်သက်၍ ဒုတိယမြောက်ရုံးချိန်းကို ု ဇူလိုင်လ ၈ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်တရားရုံးတွင် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး...

သားအဖနှစ်ဦးကို အက်ဆစ်ဖြင့်ပက်သူ နှစ်ပတ်ကြာသည်အထိ မဖော်ထုတ်နိုင်သေး

သံဖြူဇရပ်မြို့ပေါ်တွင် မေလ ၂၅ ရက်နေ့က သားအဖနှစ်ဦးကို အက်ဆစ်ဖြင့်ပက်ခဲ့သူကို နှစ်ပတ်ကြာ သည်အထိ ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း သံဖြူဇရပ်မြို့မရဲစခန်းထံမှ သိရသည်။ အဆိုပါအမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး ယင်းအမှုနှင့်ပတ်သက်၍ သံသယရှိသူကို ဖမ်းဆီးခဲ့သော်လည်း လက်ရှိအချိန်အထိ အက်ဆစ်ဖြင့် ပက်သူကို မဖော်ထုတ်နိုင်သေးကြောင်း အဆိုပါ ရဲစခန်းမှ သိရှိရသည်။ သံဖြူဇရပ်မြို့အောင်ဇေယျရပ်ကွက်တွင်နေထိုင်သော မလပြည့်ဝန်းနှင့် သူ၏...
- Advertisement -

Latest article

အကိုက်အခဲပျောက်ဆေးများနှင့် ဗိုက်နာခြင်း

ယနေ့ လူထုများထဲတွင်အကိုက်အခဲပျောက်ဆေးများကို ဖောဖောသီသီသုံးစွဲနေကြသည်။ လွယ်လင့်တကူ လက်လှမ်းမီသောကြောင့်လည်းဖြစ်သည်။ ခါးနာလျှင် ပါရာစီတမော(paracetamol)လေးသောက်၊ ဇက်ကြောထိုးလျှင် ဒိုင်ဂလို(diclofenac)လေးသောက်လိုက်နှင့် အကိုက်အခဲပျောက်ဆေးများကိုပဲကြီးလှော်အလားသုံးစွဲနေကြသည်။ ထို့အပြင် ရုပ်မြင်သံကြားတွင်လွှင့်သော ကိုးရီးယားဇာတ်လမ်းတွဲများတွင်လည်း ပါရာစီတမောများအပါအဝင် အကိုက်အခဲပျောက်ဆေးများစွာကို သကြားလုံးလေးများဝါးစားနေသကဲ့သို့ တင်ပြနေသောအခါတွင် ကျွန်တော်တို့လူထုများက အတုမြင်အတတ်သင်နေကြတော့သည်။ "အကိုက်အခဲပျောက်ဆေး အသုံးများလျှင် ဘာဆိုးကျိုးများရရှိနိုင်သလဲ" ဟု ကျွန်တော်ကိုအသိမိတ်ဆွေတစ်ယောက်ကမေးဖူးသည်။ အရာရာတိုင်းတွင်...

ကုန်ဈေးနှုန်းကျဆင်းဖို့ ပြည်သူတွေ ဟင်းတစ်မည်လျော့စားဖို့ ပြောတဲ့အပေါ် မြင်တဲ့အမြင်နဲ့ ကုန်ဈေးနှုန်းကျဆင်းအောင် ဘယ်လိုတွေလုပ်ဆောင်သွားဖို့ လိုအပ်သလဲ

ဖြေကြားသူ။ ။ ဦးကြည်စိုး (မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်) အခုမှသာ ဟင်းတစ်မည်လျော့စားဖို့ ပြောတယ်။ ထမင်းတစ်နပ်လျော့စားဖို့ လွန်ခဲ့တဲ့ လက်ထက်က ပြောခဲ့တာတောင် ဘာမှမဖြစ်လာဘူး။ အခုမွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံပြောခဲ့တဲ့ ဟင်းတစ်မည်လျော့စားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ထင်တယ်။ လျော့စားမယ်ဆိုရင်လည်း ကုန်ဈေးနှုန်းကျမယ်လို့မမြင်ဘူး။ ဘာဖြစ်လို့မမြင်လဲဆိုရင် စီးပွားစနစ်တစ်ခုကို ပြုပြင်ပြောင်းလဲနိုင်မှ ကုန်ဈေးနှုန်းကို ပြောင်းလဲနိုင်မှာဖြစ်တယ်။ စီးပွားရေးစနစ်ပြောင်းလဲဖို့ဆိုတာက စီးပွားရေးနဲ့ ပတ်သက်တဲ့...

အဖြေရှာရမည့် ဝက်ပုစ္ဆာ

  မကြာသေးမီ သီတင်းပတ်များအတွင်းက ထိုင်း - မြန်မာနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာသော ဝက်မှောင်ခိုသယ်ဆောင်လာသည့် ယာဉ်များကို သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူမှုသတင်းများ ခပ်စိပ်စိပ်ကြားသိလာခဲ့ကြရသည်။ ယင်းဖြစ်စဉ်များတွင် သက်သေခံပစ္စည်းသိမ်း၊ လူကို ဖမ်းဆီးထောင်ချရာ၌ အရေးယူခံရသူ အားလုံးနီးပါးမှာ ယာဉ်မောင်းများသာ ဖြစ်နေသည်ကိုသတိချပ်မိပါသည်။ ပို့ကုန်သွင်းကုန် ဥပဒေအရ၊ မွေးမြူရေးလုပ်ငန်းဆိုင်ရာ ဥပဒေအရအရေးယူဆောင်ရွက်ပြီးစီးသည်ဟု မည်သို့ ဆိုစေ ဖမ်းဆီးခံ ဝက်ကားများ ဦးတည်မောင်းနှင်လာကြသည့်...
- Advertisement -