Hintharmedia

ကျောက်မဲခရိုင်အတွင်း အချက်ပြမီးစနစ်ကို လက်ယာမီးသာ တပြေးညီသုံးစွဲနိုင်ရေး အသိပေးနှိုးဆော်ထား

News Federal Times

နောင်ချို၊ ဇူလိုင် ၁၂ ရက်။ ။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်းမှ ယာဉ်မောင်းများအနေဖြင့် အနောက်မှယာဉ်ကို ကျော်တက်ခိုင်းရန်ပြသသည့် အချက်ပြမီးကို စက်တင်ဘာ ၁ ရက်မှ စတင်ကာ လက်ယာအချက်ပြမီးကိုသာ တစ်ပြေး ညီသုံးစွဲရမည်ဖြစ်ကြောင်း ကျောက်မဲခရိုင် ကုန်းလမ်းပို့ဆောင်ရေးနှင့် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တ ရာယ်ကင်းရှင်းရေးကော်မတီတို့က အသိပေးနှိုးဆော်ထားကြောင်း သိရှိရသည်။

ယာဉ်မောင်းများအားလုံးသည် အနောက်မှယာဉ်ကျော်တက်ရန် ပြသသည့်အချက်ပြမီးကို လက်ဝဲဘက်အချက် ပြမီးကိုသာ မှားယွင်းစွာသုံးစွဲနေကြသဖြင့် ယာဉ်တိုက်မှုများပိုမိုဖြစ်ပွားနိုင်သဖြင့် အသိပေးနှိုးဆော်ရခြင်းဖြစ် ကြောင်း သိရသည်။

“၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေများအရ ထုတ်ပြန်ထားတဲ့ညွန်ကြားချက်တွေထဲမှာ ပါပြီးသားပါပဲ။ အ မှန်က လက်ယာအချက်ပြစနစ်ပါ လုပ်သင့်ပါတယ်။ ဒီလိုဖြစ်ရတာက ဟိုးအရင်ဟိုင်းဝေးလမ်းတွေမှာ တောင် ပေါ်လမ်းတွေမှာ ဆီးနှင်းတွေထူထပ်တော့ ကားသမားတွေက ရှေ့ကအရာတွေကိုသဲကွဲစွာမမြင်ရတော့ နောက် ကကားကိုကျော်တက်ဖို့ အဲဒီလိုစနစ်ကို မှားယွင်းစွာသုံးစွဲခဲ့ကြတယ်။ အဲဒီစနစ်က ဟိုင်းဝေးလမ်းမကြီးတွေမှာ တော့ ဟုတ်သလိုလိုရှိပေမယ့် အမှန်မဟုတ်ဘူး။ မြို့ထဲမောင်းတဲ့ ကားသမားတွေကြတော့ ဒုက္ခရောက်ကုန်တာ ပေါ့။”ဟု ကျောက်မဲခရိုင်ကုန်းလမ်းပို့ဆောင်ရေးဦးစီးမှူး ဦးဝင်းနိုင်ကပြောသည်။

သက်ဆိုင်ရာဌာနများမှ အချက်ပြစနစ်ကို ချောမွေ့စွာပြောင်းလဲကျင့်သုံးနိုင်စေရေးအတွက် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အသိပညာပေးမှုများ၊ စစ်ဆေးကြပ်မတ်မှုများ၊ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပြီးနောက် တစ်နိုင်ငံ လုံးရှိ မြို့တွင်း၊ မြို့ပြင်လမ်း၊ အဝေးပြေးလမ်း၊ အမြန်လမ်းအားလုံး၌ ယာဉ်မောင်းများအားလုံးသည် အချက်ပြမီး ကို လက်ယာမီးသာ တချိန်တည်း၊ တပြိုင်တည်း၊ တပြေးညီတည်းစတင်ပြောင်းလဲကျင့်သုံးကြရမည်ဖြစ်ကြောင်း အသိပေးထားသည်။

“ကျွန်တော်တို့ဆရာတွေကလည်း ဒီလိုပဲသင်ခဲ့တော့ အမှန်ပဲထင်ခဲ့တာပေါ့။ အကျင့်က ပါနေပြီ၊ အခုမှ ဒီစနစ်က အမှားဆိုတော့ အတော်ကိုးလို့ကန့်လန့်နိုင်တာဗျ။ အချိန်အတိုင်းအတာတစ်ခုအထိ အချိန်ပေးပြင်သင့်တယ်လို့ ထင်တယ်။ အခုက မပြင်ရင် အရေးယူမယ့်ပုံပဲ၊ အရိုးစွဲနေတဲ့ကိစ္စတစ်ခုက ပြင်ဖို့ခဲယဉ်းတယ်ဆိုတာကို ပြောတာ ပါ။ မပြင်ဘူးလို့ မပြောပါဘူး။”ဟု မူဆယ်အဝေးပြေးယာဉ်လိုင်းမောင်းသူ စိုင်းနော်ကပြောသည်။

ထိုသို့ပြောင်းလဲကျင့်သုံးမှု မစတင်မီအတွင်း နားလည်မှုများရှိနိုင်သည့်အတွက် မော်တော်ယာဉ်ကျော်တက်မည် ဆိုပါက အခြေအနေအရပ်ရပ်ကိုသုံးသပ်၍ အထူးသတိပြုဆောင်ရွက်ကြရမည်ဖြစ်ကာ ယာဉ်မောင်းများအားလုံး အနေဖြင့် သတ်မှတ်ရက်ဖြစ်သည့် စက်တင်ဘာ ၁ ရက်၊ နံနက်(၆)နာရီမှစတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ပြောင်းလဲကျင့်သုံးဆောင်ရွက်ကြရန် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီက ညွန်ကြားထားကြောင်း သိရသည်။

MMK

Add comment

Advertisement

Advertisement

error: Content is protected !!