သဘာဝဘေးဖြစ်ပွားရာနေရာများတွင် မောင်းသူမဲ့ လေယာဉ်များ အသုံးပြု၍ အချက်အလက်ရယူနိုင်ရေး လုပ်ဆောင်နေ

0

News Federal Times

နေပြည်တော်၊ ဇူလိုင် ၁၂ ရက်။ ။ မောင်းသူမဲ့ လေယာဉ်များ(UAV)ကို ထည့်သွင်းအသုံးပြုဆောင်ရွက်လာနိုင်ပါက သဘာဝဘေးဖြစ်ပွားရာ နေရာ ဒေသများ၏အခြေအနေနှင့် သတင်းအချက်အလက်များကို လျင်မြန်စွာရယူနိုင်မည်ဖြစ်ကြောင်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်၏ ပြောဆိုချက်အရ သိရှိရသည်။

နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ဇူလိုင် ၁၂ ရက်တွင် ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းမျာတွင် အထောက်အကူဖြစ်စေမည့် သတင်းအချက်အလက်နှင့် ကောင်းကင်ဓာတ်ပုံများ မောင်းသူမဲ့လေယာဉ်များအသုံးပြု၍ ရယူဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဘေးအန္တရာယ်ဖြစ်ပွားရာဒေသများရဲ့ အရေးပေါ်လိုအပ်ချက်တွေ၊ လတ်တလောလိုအပ်ချက်တွေကို အချိန်တို အတွင်း သိရှိနိုင်မှာဖြစ်ပါတယ်။ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ထိခိုက်ခံစားရတဲ့ ပြည်သူလူထုရဲ့ ခံစားမှုများကို အတိုင်းအတာတစ်ခုအထိ အ မြန်ဆုံး လျော့နည်းသက်သာစေမှာဖြစ်တဲ့အတွက် အကျိုးရှိထိရောက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုဖြစ်ပါတယ်။” ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်က ပြောသည်။

မောင်းသူမဲ့လေယာဉ်များအသုံးပြု၍ မှန်ကန်သည့်သတင်းအချက်အလက်များ ရရှိနိုင်မည်ဆိုပါက သဘာဝဘေး အန္တရာယ်များကို ရင်ဆိုင်တုန့်ပြန်ချိန်တွင် အထိရောက်ဆုံး ဆောင်ရွက်နိုင်မည်ဖြစ်ကာ များစွာအကျိုးရှိမည် ဖြစ်ကြောင်း ဒေါက်တာကိုကိုနိုင်က ဆက်ပြောသည်။

“ဒီမောင်းသူမဲ့လေယာဉ်ကို သုံးနိုင်မယ်ဆိုရင် မြေပြင်ပေါ်မှာအခြေအနေကို ချက်ချင်းသိရမယ်။ သိတဲ့အခါမှာ အဲနေရာတွေရောက်အောင်သွား၊ ဘယ်နေရာတွေမှာ အဆိုးဝါးဆုံးလဲ။ အဲနေရာတွေရောက်ဖို့အတွက် ဘယ် လိုလမ်းတွေကသွားမလဲ။ တခါတလေတော့ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့နေရာတွေက သတင်း အချက်အလက် မမှန်တာတွေလည်းရှိတယ်။ မမှန်တာတွေရှိတဲ့အခါမှာ တကယ်ဖြစ်ပွားတဲ့နေရာနဲ့ လွဲသွားတာ လည်း ရှိတယ်။ ဒါကြောင့် စပြီးဆောင်ရွက်ဖို့အတွက် ခြေလှမ်းသစ်တွေအစပျိုးခြင်းဖြစ်ပါတယ်။”ဟု ဒေါက်တာ ကိုကိုနိုင်က ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြီးဖြစ်ပွားပြီးချိန်မှစ၍ နှစ်စဉ်အလိုက် မုန်တိုင်းဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးနှင့် မိုးခေါင်ရေရှားမှုများ ဖြစ်ပွားမှု အကြိမ်အရေအတွက် များလာသည်နှင့်အမျှ ပျက်စီး ဆုံးရှုံးမှု ပမာဏသည်လည်း မြင့်မားလာကြောင်း သိရသည်။

MMK

LEAVE A REPLY

Please enter your comment!
Please enter your name here