Hintharmedia

ပဋိဇီဝဆေးများအသုံးပြု၍ ငါးမွေးမြူခြင်းမပြုလုပ်ကြရန် နိုင်ငံတကာမှ ငါးပညာရှင်များ လာရောက်ဟောပြော မည်

News Federal Times

ရန်ကုန်၊ ဇူလိုင် ၁၂ ရက်။ ။ မြန်မာနိုင်ငံတွင် ပဋိဇီဝဆေးများအသုံးပြု၍ ငါးမွေးမြူခြင်းများမပြုလုပ်ကြရန် ထိုင်းနိုင်ငံအခြေစိုက် ငါးလုပ်ငန်း ဆိုင်ရာသင်ကြားပေးနေသည့် နာကာအင်စတီကျုမှ ငါးပညာရှင်များက ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် မြန် မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ လာရောက်ပြောကြားဆွေးနွေးဟောပြောမည်ဖြစ်ကြောင်း သိရှိရသည်။

“ငါးမွေးမြူရေးလုပ်တဲ့အခါ ဆေးတွေမသုံးဖို့လိုတယ်။ ပြီးတော့ ဆေးဝါးတွေအရမ်းသုံးရင်လည်း ငါးတွေမှာ ဆေး ယဉ်ပါးဖြစ်ပြီးတော့ တကယ်ရောဂါဖြစ်ရင် ဆေးမတိုးတာတွေရှိတယ်။ ပြီးတော့ လူတွေစားသုံးရင်လည်း ထိခိုက် မှုတွေရှိနိုင်တယ်။”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဒေါ်တိုးနန္ဒာတင်ကပြောသည်။

အဆိုပါဆွေးနွေးဟောပြောပွဲတွင် တစ်နိုင်ငံလုံးမှ ငါးမွေးမြူရေးလုပ်ငန်းကြီးများ လုပ်ကိုင်နေသူများကို ဖိတ်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

“ဆေးဝါးတွေမသုံးရဘူးဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့ ငါးလုပ်ငန်းကိုတိုးတက်အောင်မွေးမြူကြမလဲ၊ နည်း လမ်းတွေလည်း မေးမြန်းဖို့လိုတယ်။”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ နာယက ဦးစိုးဝင်းကပြောသည်။

မြန်မာနိုင်ငံတွင် ဆေးဝါးအသုံးပြုပြီး ငါးမွေးမြုုခြင်းလုပ်ကိုင်မှုမရှိသော်လည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီ နည်းစနစ်များကိုအသုံးပြုရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းငါးလုပ်ငန်းဦးစီဌာနမှ တိုင်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောသည်။

ငါးမွေးမြူခြင်းလုပ်ငန်းများတွင် ဆေးဝါးသုံးစွဲပြီးမွေးမြူနေသည့်နိုင်ငံ များစွာရှိနေပြီး အထွက်ကောင်းမှုရှိစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

MMK

Add comment

Advertisement

Advertisement