မန္တလေးတိုင်းအတွင်း မူခင်းများ ဖော်ထုတ်နိုင်ရေး အငြိမ်းစားရဲဝန်ထမ်းများဖြင့် တွေ့ဆုံ၍ အကြံပြုချက်ရယူမည်

0

News Federal Times

ရန်ကုန်၊ ဇူလိုင် ၁၂ ရက်။ ။ မန္တလေးတိုင်းဒေသကြီးအတွင်းဖြစ်ပွားနေသည့် မူခင်းများဖော်ထုတ်နိုင်ရေး အငြိမ်းစားရဲဝန်ထမ်းဟောင်းများကို ခေါ်ယူကာ လိုအပ်သည့် အကြံပြုချက်များ ရယူနိုင်ရန် တွေ့ဆုံသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးထံမှ သိရှိရသည်။

၎င်းတို့ကို တိုင်းလွှတ်တော်ရုံးတွင် ဇူလိုင်လ တတိယအပါတ်တွင်း ခေါ်ယူတွေ့ဆုံသွားမည်ဖြစ်ပြီး မူခင်း ဖော်ထုတ်နိုင်ခြင်းမရှိသည့် အားနည်းချက်များကို သိရှိနိုင်ရန် အကြံဉာဏ်များ ရယူသွားမည်ဖြစ်သည်။

“မူခင်းတွေကများနေတာ၊ မဖော်ထုတ်နိုင်တာကို ကျွန်တော်က အားမလိုအားမရဖြစ်နေတာ။ မန္တလေးမှာ တာ ဝန်ထမ်းဆောင်ခဲ့တဲ့ ရဲအငြိမ်းစား၊ မူးယစ်အငြိမ်းစားတွေရှိမယ်။ သူတို့က အရင်က မူခင်းတွေဖော်ထုတ်တဲ့နေ ရာမှာ နာမည်ရှိခဲ့တဲ့လူတွေပေါ့။ သူတို့ဆီက အကြံဉာဏ်တောင်းမှာ၊ လွှတ်တော်ထဲက သီးခြားအစည်းအဝေး ခန်းမှာ ခေါ်ပြီးဆွေးနွေးမယ်။ မူခင်းတွေဖော်ထုတ်ဖို့ရာ လိုအပ်နေတဲ့အချက်တွေပေါ့။ အကြံပြုချက်တွေကို ဝန် ကြီးချုပ်ဆီတင်ပြမယ်။”ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးကော်မတီနှင့် လုံခြုံရေး၊ စီမံခန့်ခွဲရေး၊ စည်ပင်သာယာရေး ကော်မတီတို့လည်း ပါဝင်တွေ့ဆုံမည်ဖြစ်ပြီး တိုင်းအတွင်း လက်ရှိဖြစ်ပွားနေသည့် မူခင်းများ ဖော်ထုတ်နိုင်ရန် အဓိကထားကာ အကြံဉာဏ်များ ရယူမည်ဖြစ်ကြောင်း သိရသည်။

ရဲဝန်ထမ်းဟောင်းများကို ခေါ်ယူတွေ့ဆုံပြီးပါက လက်ရှိတာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ဆက် လက်တွေ့ဆုံဆွေးနွေးကာ ရရှိလာသည့်အချက်များကိုပူးပေါင်း၍ ဝန်ကြီးချုပ်ထံတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

“အမျိုးသမီးတွေကလည်း လက်ရဲဇက်ရဲတွေရှိနေတယ်။ မူခင်းတွေက မူးယစ်ဆေးဝါးကြောင့်လို့ ယူဆရတာပေါ့။ မူခင်းတွေကို မဖော်ထုတ်နိုင်တော့ ပိုပြီးကျုးလွန်နေတာ။ ဖော်ထုတ်ပြီး အရေးယူနိုင်မယ်။ဖမ်းနိုင်မယ်၊ အပြစ်ပေး နိုင်မယ်ဆို ကျဆင်းလာမယ်။ အခုဟာက တော်တော်များများ မဖော်ထုတ်နိုင်ဘူးဖြစ်နေတယ်။ နေ့လယ်ခေါင် အထိ လူသတ်သွားတယ်။ မမိဘူးဖြစ်နေတယ်။”ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးက ဆက်ပြောသည်။

မူခင်းများကြောင့် ပြည်သူများ လုံခြုံစိတ်ချရမှု မရှိခြင်းကို ရဲစခန်းများထက် လွှတ်တော်ရုံးနှင့် ကိုယ်စားလှယ်များ ထံသာ တိုင်ကြားခဲ့သည်များရှိနေပြီး လွှတ်တော်မှ တာဝန်ရှိသူများသည် တိုင်းအစိုးရထံ ဆက်လက်တင်ပြပေး စေလိုကြောင်း မန္တလေးမြို့ခံ ဦးအောင်လင်းက ပြောသည်။

MMK

 

LEAVE A REPLY

Please enter your comment!
Please enter your name here