Hintharmedia

အရည်သွေးမြင့် ဆန်များ အရောင်းကျနေပြီး အလတ်တန်းစားဆန်များ ရောင်းအားကောင်းနေ

News Federal Times

ရန်ကုန်၊ ဇူလိုင် ၁၂ ရက်။ ။ ရန်ကုန်မြို့တွင်း ဆန်ဈေးကွက်တွင် အရည်အသွေးမြင့် ဆန်များဖြစ်သည့် ပေါ်ဆန်းနှင့် တောင်ပျံဆန်များ အရောင်းကျနေပြီး ဇီယာနှင့် ဆင်းသွယ်ကဲ့သို့ အလယ်အလတ်တန်းစားဆန်များ လက်လီ၊ လက္ကား ရောင်းအားကောင်းနေကြောင်း ဆန်ရောင်းချသူများထံမှ သိရှိရသည်။

ရန်ကုန်မြို့တွင်းဆန်ဈေးကွက်၌ စားသုံးသူအများစုမှာ တန်းမြင့်ဆန်များကို အဝယ်နည်းလာကာ ရာသီဥတုအ ခြေအနေအရ နယ်မြို့များသို့ တင်ပို့မှုပမာဏမှာလည်း နည်းလာသဖြင့် ဇူလိုင်လလယ်ပိုင်းတွင် ပေါ်ဆန်း၊ တောင်ပျံအစရှိသည်အရည်အသွေးမြင့်ဆန်များ ရောင်းအားကျဆင်းလာကြောင်း သိရသည်။

“အခုလလယ်ပိုင်းမှာ ပေါ်ဆန်း၊ တောင်ပျံဆန်တွေကို ပြည်သူတွေရဲ့ဝင်ငွေအနေအထားအရ ဝယ်သူ သိသိသာ သာနည်းလာသလို ဇီယာနဲ့ ဆင်းသွယ်ဆန်တွေကတော့ လူတန်းစားမရွေးဝယ်သုံးနေကြတော့ အရောင်းသွက် နေပါတယ်။”ဟု ရတနာမြင့် ဆန်ရောင်းဝယ်ရေးလုပ်ငန်းမှ ပိုင်ရှင် ဦးသိန်းဇံကပြောသည်။

ရန်ကုန်မြို့တွင်း ဆန်ဈေးကွက်၌ ယခုလက်ရှိအနေအထားအရ အရည်အသွေးမြင့်ဆန်များ ရောင်းအားကျဆင်း နေသော်လည်း ဈေးနှုန်းများ အပြောင်းအလဲမရှိကြောင်း ဝါးတန်းလမ်းရှိ ဆန်ဒိုင်များထံမှ သိရသည်။

“နယ်တွေဖြစ်တဲ့ မြန်မာနိုင်ငံအထက်ပိုင်းက မန္တလေး၊ မြင်းခြံဘက်တွေကို မိုးကောင်းနေတော့ အရင်က အရည် အသွေးကောင်းဆန်တွေ အိတ်ရေထောင်ချီပို့နေရပေမယ့် အခု (၃၀၀)လောက်အထိ ကျသွားပါတယ်။ ဈေးက တော့ ငြိမ်နေပါတယ်။”ဟု ဝါးတန်းလမ်းရှိ ဆန်ကုန်သည် ကိုမင်းအောင်မိုးကပြောသည်။

လက်ရှိ ရန်ကုန်မြို့တွင်းဆန်ဈေးကွက်တွင် အရည်အသွေးမြင့်ပေါ်ဆန်းဆန် အထူးရှယ်တစ်အိတ်လျှင် (၅၄၅၀၀)ကျပ်၊ ပေါ်ဆန်းရိုးရိုးတစ်အိတ်လျှင်(၃၃၀၀၀)ကျပ်၊ တောင်ပျံဆန်တစ်အိတ်လျှင်(၄၃၀၀၀)ကျပ်၊ ဆင်း သွယ်ဆန်တစ်အိတ်လျှင်(၃၅၅၀၀)ကျပ်၊ ဇီယာဆန်တစ်အိတ်လျှင်(၂၇၀၀၀)ကျပ်ဈေးရှိနေကြောင်း သိရသည်။

MMK

Add comment

Advertisement

Advertisement