ပြန်လည်သုံးသပ်သင့်သည့် မတရားအသင်း ဥပဒေ

0

ခိုင်ကျည်

ဒီဗွီဘီနှင့် ဧရာဝတီသတင်းဌာနများက သတင်းထောက်သုံးဦးကို မတရားအသင်း ဆက် သွယ်မှုဖြင့် ဖမ်းဆီးထားသည်။ သတင်းထောက် များအဖမ်းမခံရခင် နှစ်ပေါင်းများစွာ ကတည်းက မတရားအသင်း ပုဒ်မသည် ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေခဲ့သည်။
တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ရှိသည်ဟု ဆိုသည်။ တိုင်းရင်းသား တော်တော်များများက လက်နက်ကိုင် တော်လှန်နေကြသည်။ မြန်မာ နိုင်ငံတွင် ပြည်တွင်းစစ်မီး တောက်လောင်နေ သည်မှာ နှစ်ပေါင်း ၇၀ နီးပါး ရှိနေပြီလည်း ဖြစ် သည်။
တိုင်းရင်းသားများ တောင်းဆို တိုက်ပွဲဝင် နေသည်မှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံသော ဖက်ဒရယ်စနစ် ကျင့်သုံးရန်ဖြစ် သည်။ ဖက်ဒရယ်ဆိုသည့် နိုင်ငံရေးစနစ် မဖော် ဆောင်နိုင်သေးလျှင်လည်း အတူယှဉ်တွဲ နေထိုင် သည့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အသက်မွေးဝမ်းကြောင်းမှု များကို အသိအမှတ် ပြုရမည်၊ တန်ဖိုးထားရပေမည်၊ ဖမ်းခံရသည့် သတင်းထောက်များ ဆက်သည့် အဖွဲ့ TNLA တအာင်း အမျိုးသားလွတ်မြောက် ရေးအဖွဲ့၏ မူးယစ်ဆေးဝါးဖျက်ဆီးသည့်ပွဲ သတင်း သွားယူခြင်းဖြစ်သည်။ တအာင်း ပလောင်ဒေသ သည် လက်ဖက်ကို အဓိက စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် လက်ဖက်စိုက်ဧက ၆သိန်းခန့် ရှိ သည်ဟု ဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းမှာ အဓိကစိုက်ပျိုးကြခြင်း ဖြစ်သည်။ လက်ဖက်ကောင်းစားချင်လျှင် ပလောင်တောင် တက်နှေး ဆိုရိုးစကားအတိုင်း ရှမ်းပြည်နယ် မြောက်ပိုင်း ယခု သတင်းထောက်များ သွား သတင်းယူသည့် ဒေသ ပလောင်ဒေသတွင် ၉၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးထုတ်လုပ်နေသည်။ ရွှေဖီ လက်၊ ဇယန်းလက်ဆိုသော နာမည်ကျော် လက် ဖက်များသည် ယင်းပလောင်ဒေသမှာသာ ထွက် သည်။ ဟိုးယခင် မဆလခေတ်ကတည်းက မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှ လက်ဖက်ခူးသည့် အလုပ်သမားများသည် မန္တလေး၊ လားရှိုးအတိုင်း ခြေလျင်တက်ကြသည်။ လက် ဖက်ခူးပြီး ခြေလျင်ပြန်ကြသည်။ မြေပြန့်မှ လာ ပြီး လက်ဖက်ခူးသည့်ဒေသသည် ပလောင်ဒေသ ဖြစ်သည်။ ပလောင်တိုင်းရင်းသားများ၏ ပင်မ စီးပွားရေးဟု ပြောနိုင်သည့် လက်ဖက်စိုက်ပျိုးရေး လုပ်ငန်းသည် မြေပြန့်မှ မရှိဆင်းရဲသား လက် လုပ်လက်စားများကို မှီခိုနေရသည်။
အထူးသဖြင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် စိုက်ပျိုးရမဖြစ်နေသည့် မိုးခေါင်ရေရှား ဒေသမှ ဘောက်ခေါ် အလုပ်သမားများသည် ပလောင်ဒေသ အပါအဝင် ရှမ်းပြည် တောင် မြောက် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်း ချုပ်ထားသောဒေသများတွင် သွားရောက်ဝမ်းစာ ရှာဖွေနေရသည်။ အသက်မွေးဝမ်းကျောင်းနေ ကြရသည်။ လက်ဖက်စိုက်ပျိုးသည့် ပလောင် တိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသားများ ကလည်း မြေပြန့်ဒေသမှ မြန်မာများနှင့် ဆက်ဆံ နေရသည်။ အပြန်အလှန် မှီခိုနေကြသည်။ တကယ်တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင် သည့် မြန်မာနိုင်ငံတွင် တစ်ဒေသနှင့် တစ်ဒေသ ကူးသန်းသွားလာကြသည်။ ဆက်ဆံကြသည်။ အထူးသဖြင့် လက်နက်မရှိသော တိုင်းရင်းသား ပြည်သူများသည် နီးရာဓား ကြောက်ကြရသည်။ ဟိုးယခင်ကဆိုလျှင် အစိုးရတပ်က ပေါ်တာဆွဲ လည်း လိုက်ရသည်။ တိုင်းရင်းသားတပ်က ကင်း သမားဆင့်လည်း လိုက်ရသည်၊ ဆက်ကြေး (အခွန်) ကောက်လည်းပေးရသည်။ အခန့်မသင့် အသက်သေဆုံးရသည်။ သတ်ဖြတ်ခံရသည်။ ပြည်သူ့စစ်၏ နောက်ဆက်တွဲ ပဋိပက္ခများတွင် မတရားအသင်းဥပဒေပုဒ်မကြောင့် ဘဝပျက် သွားသူ အများအပြားရှိသည်။ အထူးသဖြင့်မတရား အသင်းဥပဒေပုဒ်မကြောင့် ပြည်သူများ မြေဇာ ပင်ဖြစ်နေခဲ့သည်မှာ ကြာခဲ့ပြီးဖြစ်သည်။ ယခုမှ သတင်းသမားသုံးဦး ပထမဆုံးအရေးယူခံရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဥပဒေ တော်တော်များ များသည် ကိုလိုနီခေတ်ကပြဋ္ဌာန်းထားခြင်းဖြစ် သည်။ မတရားအသင်းဥပဒေပုဒ်မဆိုလျှင် ၁၉၀၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်က ပြဋ္ဌာန်းထားသော ဥပဒေဖြစ်သည်။ ပြည်သူလူထုဆန္ဒအရ ပေါ်လာ သည့် ဥပဒေမဟုတ် ဖိနှိပ်ရေးဥပဒေ ပြောလို့ရ သည်။ ဦးသိန်းစိန်အစိုးရလက်ထက် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အရှိန်တက်လာစဉ်က မတရား အသင်းဥပဒေ ၁၇ (၁) (၂) သည် အဟန့်အတား ဖြစ်နေခဲ့သည်။ တကယ်တော့ ပဋိပက္ခများကို သရုပ်ခွဲကြည့်လျှင် ပင်မအရင်းအမြစ် ပဋိပက္ခနှင့် အခက်အလက် ပဋိပက္ခများဟု ယေဘုယျခွဲခြား နိုင်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပါ အဝင် ဥပဒေများသည် ပြည်သူလူထု၏ အကျိုး စီးပွားကို ရည်ရွယ်ရေးဆွဲရသည်။ ခေတ်နှင့်မလျှော် ညီတော့လျှင် တိုးချဲ့ပြင်ဆင်ရသည်၊ မွန်းမံပြင် ဆင်ရသည်။ သို့မှဥပဒေသည် ပြည်သူများကိုအချိန် နှင့်တစ်ပြေးညီ အကာအကွယ်ပေးနိုင်မည်ဖြစ်သည်။
လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ပထမအကြိမ် လွှတ်တော် သက်တမ်း ၂၀၁၃ ခုနှစ် မတ်လတွင် မတရား အသင်းဥပဒေကို ပြင်ဆင်ဖြည့်စွက်သည့် ဥပဒေ ကြမ်းတစ်ခု တင်သွင်းခဲ့သည်။ ဤဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်းစေကာမူ တစ်ဦးတစ်ယောက် ဖြစ်စေ၊ အဖွဲ့အစည်းတစ်ရပ်ဖြစ်စေ၊ မိမိ၏ နေ့စဉ် ပုံမှန် စားသောက်သွားလာ၊ လုပ်ကိုင်ဆောက်ရွက် မှုအတွက်သော်လည်းကောင်း၊ မိမိ၏ အသက်ဘေး အန္တရာယ်ကို ကြောက်ရွံ့ရသည့်အတွက်လည်း ကောင်း၊ မတရားအသင်းများနှင့် ဆက်နွယ် ပတ် သက်ဆောင်ရွက်ရခြင်းသည် ဤဥပဒေနှင့် အကျုံး မဝင်ဟု မှတ်ယူရမည့်အပြင် တရားစွဲဆိုခြင်း မခံထိုက်စေရဟု ဖော်ပြထားသည်။ မည်သို့ပင် ဖြစ်စေ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးပြဿနာ များကို နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးအဖြေ ရှာနေချိန်တွင် ခေတ်မမီတော့ရုံသာမက ပြည်သူ များကို ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် မတရား အသင်းဥပဒေကို သုံးသပ်ပြင်ဆင်ရန် အချိန်ကျ ရောက်လာခဲ့သည်။ အထူးသဖြင့် ပြောင်းလဲချိန် တန်ပြီဆိုသည့်ရွေးကောက်ပွဲ ကြွေးကြော်သံဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ များအတွက် ထူးထူးခြားခြား အောင်မြင်မှုများမလုပ် နိုင်သေးခင် ပြည်သူများကို ဝန်ထုပ်ဝန်ပိုးဖြစ်နေ သည့်ဥပဒေများ ပြန်လည် သုံးသပ်ပြင်ဆင်နိုင်ရေး ကြိုးပမ်းခြင်းဖြင့် ပြည်သူနှင့်အတူ ရှိနေရမည်အချိန် လည်းဖြစ်ပေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here