Hintharmedia

Tourism spot ဖြစ်လာမည့် ကနီမြို့နယ်က တွင်းမ တွင်း

မကြာခင်ကာလတွင် စစ်ကိုင်းတိုင်းဒေကြီး ရှိ ယင်းမာပင်ခရိုုင်၊ ကနီမြို့နယ်တွင်း ကျေးရွာ အုပ်စုရှိ တွင်းမတွင်းသည် ခရီးသွား Tourism spot တစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။

ယင်းတွင်းမတွင်းသည် မီးတောင်ဟောင်း တစ်ခုဖြစ်ပြီး တွင်းမတွင်း၏ ဝန်းကျင်မြေပြင် အမြင့်အနေဖြင့် ပင်လယ်ပြင်မျက်နှာပြင်မှ ပေ ပေါင်း ၄၀၀ ခန့်ရှိပြီး တွင်း၏ဝန်းကျင်မှ ရေပြင် ထိအနက်မှာ ပေပေါင်း ၁၄၆ ပေ နက်ကာ ရေကန်အဝန်းမှာ ပေပေါင်း ၁၀၅၂၀ ပေရှိသည် ဟုဆိုသည်။

အဆိုပါ တွင်းမတွင်းကို စိတ်ဝင်စားစရာ ကောင်းသည့် ခရီးစဉ်ဒေသသစ်တစ်ခုအဖြစ် ဖော်ဆောင်သွားရန် စီစဉ်နေသည်ဟု ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန စစ်ကိုင်းတိုင်း ဒေသကြီးတာဝန်ခံ ဒုညွှန်ကြားရေးမှူး ဦးအောင် သူဦးကဆိုသည်။

လက်ရှိအနေအထားတွင် ယင်း တွင်းမ တွင်းသို့ ပြည်တွင်း/ပြည်ပမှ ခရီးသွားများ လာရောက်လျက်ရှိပြီး ဧည့်သည် ပျှမ်းမျှ ၆၀၀ ဝန်းကျင် လာရောက်လည်ပတ်လျက်ရှိကာ ခရီး သွားရာသီဖြစ်သည့် ပွင့်လင်းရာသီဆိုပါက ဧည့် သည် ၁၀၀၀ ဝန်းကျင်ထိ လာရောက်လည် ပတ်လေ့ရှိသည်ဟုဆိုသည်။
ထို့အပြင် အဆိုပါတွင်းမ တွင်းအတွင်း ကန်ပတ်လည်အတွင်း လျှောက်လမ်းများ စား သောက်ဆိုင်များ၊ ဘလက်လှော်လှေများ၊ကော်ဖီ ဆိုင်များ၊ Resorts များ ပြုလုပ်သွားနိုင် မည် ဆိုပါက နောင်တစ်ချိန်တွင် ယင်းနေရာသည် အပန်းဖြေစရာ ကောင်းလာမည့် ဒေသတစ်ခု ဖြစလာမည် ဖြစ်သည်။

 

“တွင်းမ တွင်းအပေါ်ကို ရောက်ရင် ထန်းတောတွေရှိတဲ့အတွက် အညာဒေသအရ သာကိုရမယ်၊ အောက်ကိုဆင်းမယ်ဆိုရင် အုန်း တောတွေနဲ့ ကမ်းခြေ ဒေသအရသာကို ခံစားရ တယ်၊ သဲသောင်ပြင်မရှိတာကလွဲရင် ကမ်းခြေ အရသာကို ရတယ်။ စိတ်ဝင်စားစရာတစ်ခုက အဲဒီမှာရှိတဲ့ရေက ညစ်ပတ်တဲ့ အဝတ်တွေဆိုရင် ဆပ်ပြာမလိုပဲ ဖွေးသွားစေတယ်” ဟု မန္တလေး တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးအောင်အေးဟန် အထက်မြန်မာပြည် တာဝန်ခံက ဆိုသည်။

စစ်ကိုင်းတိုင်း ဒေသကြီးတွင် ခရီးစဉ်ဒေသ အများအပြားတည်ရှိသလို ခရီးသွားများစိတ် ဝင်စားဖွယ်ရာ နေရာများစွာလည်းရှိနေသည်။ ယင်းတို့မှာ –

(က) စစ်ကိုင်းဇုန် စစ်ကိုင်းတောင်၊ မင်းကွန်းပုထိုးတော်ကြီး၊ ကနောင်မင်းသားကြီး ၏ သံရည်ကြိုစက်ရုံ၊ ကုန်းဘောင်ခေတ် အစေခံ ခံတပ်၊ ရာဇမဏိဇူဋ္ဌာ ကောင်းမှုစေတီတော်၊ အဏုဇီဝစိမ်းပြာရေညှိ ထုတ်လုပ်ရာ ရေခါးအင်း၊ ရွာထောင်ရှိ ငွေထည်လက်မှုပညာ လုပ်ငန်း၊ ဧရာဝတီမြစ်အတွင်း အပျော်စီးသင်္ဘော ခရီးစဉ် များ။

(ခ) မုံရွာဇုန်-ကျောက္ကာ ရွှေဂူနီဘုရားနှင့် ယွန်းထည်လုပ်ငန်း၊ မိုးညှင်း သမ္ဗုဒ္ဒေဘုရားနှင့် ဗောဓိတစ်ထောင်ရှိ ကမ္ဘာ့အမြင့်ဆုံး ရပ်တော်မူ ဘုရား၊ ဘုတလင်နယ်ရှိ ညောင်ကန် ကြေးခေတ် ပြကွက်များ၊ ညောင်ရမ်းခေတ် ကျောက်ထွင်း ဇာတ်နိပါတ်များနှင့် စိမ်းပြာရေညှိထုတ် တွင်း တောင်၊ ယင်းမာပင်နယ်ရှိ ဖိုလ်ဝင်တောင်၊ အ လောင်းတော်ကဿဖ အမျိုးသားဥယျာဉ်၊ ကနီ နယ်ရှိ မီးတောင်ဟောင်း နေရာများဖြစ်သော တွင်းမတွင်း နှင့် တောင်ပျောက်တွင်း ။

(ဂ) ရွှေဘိုဇုန်- အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ နန်းတော်၊ ပြဿဒ်၊ မြေမြို့ ရိုးနဲ့ ကျုံးများ၊ ဘုရားစေတီများ၊ ရွှေဘိုမြို့၊ ဧရာ ဝတီမြစ် ကမ်းနံဘေး၊ ကျောက်မြောင်းမြို့၊ နွယ် ငြိမ်းအရပ်ရှိ စဉ့်အိုး၊ စဉ့်ထည် လုပ်ငန်းများ ဝက်လက်နယ်ရှိ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ဟံလင်းပျူမြို့ဟောင်းနှင့် ရေပူ/ရေ အေးစမ်းများ ရှိမ်းမကားရှိ ရွှေသမင်တော၊ ယင်း ဒေသကို အဆင့်မြှင့်မွမ်းမံထိန်းသိမ်းမှုများပြုလုပ် သွားမှာဖြစ်ပါတယ်လို့ သိရပါတယ်။ ကန့်ဘလူ နယ်ရှိ အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်းများ၊ ချပ် သင်းရွှေသမင် ဘေးမဲ့တောနှင့် ဘူမိထူးခြားနယ် မြေဖြစ်တဲ့ ဇင်းတောင်လင်းနို့ဂူ။

(ဃ) ကသာဇုန်- ကသာဇုန်၌ ဂျော့အိုဝဲလ် နှင့် အင်္ဂလိပ်အရေးပိုင်တို့ရဲ့ ကိုလိုနီခေတ်အိမ် ၁၂ လုံး၊ နတ်ပေါက် ဆင်စခန်း၊ ဖက်ဆွတ် သစ်တောစခန်း အင်းတော်နယ်မှာ ဂျပန်မြေ အောက်ဆေးရုံ၊ ဗိုလ်ချုပ်ဝင်းဂိတ်ရဲ့ ချင်းဒစ်တပ် ရှိရာ မော်လူး White City ခံတပ်၊ အင်းတော် အင်းလေးအိုင်နှင့် ကျောက်စိမ်းတွင်းများ၊ မန် လည် ဆရာတော်ဘုရားကြီး၏ ကျောင်းတော် ရာနှင့်ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်၊ ဗန်းမောက်နယ်ရှိ ဇလုံတောင်တော်နှင့် ဗန်း မောက်နှင့် ကောလင်းမြို့တို့ရှိ ကျွှန်းသစ်ပင် များ၊

(င) ကလေးဇုန်-ကလေးဇုန်သည် ချင်း ပြည်နယ် ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်နေ ပြီး ရာဇဂြိုလ်ဆည်နှင့် အိန္ဒိယနယ်စပ် တမူးမြို့ သို့ သွားရောက်လည်ပတ်နိုင်၊ ပြောင်ဘုတ်လမ်းမှ တစ်ဆင့် ကဘော်ချိုင့်ဝှမ်း လွင်ပြင်ကြီးကို ကြည့် ရှုနိုင်ပြီး လက်ဆေးကန်နှင့် ပျားစွဲဆင်စခန်း၊ မော်လိုက်မြို့ရှိ မြန်မာနိုင်ငံ၏ ပထမဦးဆုံးဂေါက် ကွင်းနှင့် ကိုလိုနီ အဆောက်အအုံများ ၊ကလေးဝ နယ်ရှိ ကျောက်မီးသွေးတွင်းများ၊ မဟာမြိုင် တောကိုဖြတ်၍ ရွှေဘိုမြို့နှင့်မုံရွာမြို့သို့ သွား ရောက်နိုင်ပါသည်။

(စ) ခန္တီးဇုန်-ခန္တီးဇုန်သည် နန်စီဗွန်ကျေးရွာ အနီးတွင် ကျောက်စိမ်းထွက်ရှိရာ ခန္တီးရတနာ မြေတည်ရှိပါသည်။ နာဂဒေသဖြစ်သည့် လဟယ် မြို့နှင့် နန်းယွန်းမြို့များသို့ သွားလာနိုင်ပြီး နန်းယွန်းမြို့နယ် ပန်ဆောင်မြို့တွင် Lake of No Return ရေကန်နှင့် ဒေါ်ခင်ကြည်ရိပ် သာတို့ကို လည်ပတ်နိုင်ပါသည်။ ထို့ပြင် ထမံသီ ဘေးမဲ့တောနှင့် ရှားပါးတိရစ္ဆာန်များကို လေ့လာ နိုင်ပြီး ၎င်းမှနာဂဒေသ လေရှီးမြို့သို့ သွားရောက် လည်ပတ်နိုင်သည့် ခရီးစဉ်များကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ပုဂ္ဂလိကကဏ္ဍနှင့်သက် ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ခရီးသွား ဇုန် ၆ ဇုန်ကို သတ်မှတ်ဖော်ဆောင်နေသည်

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရှိ မပျက်စီးသေးသည့် သဘာဝအခြေခံ တော တောင်များ၊ သာယာလှပသော ချင်းတွင်းမြစ်ရိုး တစ်လျှောက်ဒေသများတည်ရှိခြင်း၊ မြို့နယ်တိုင်း လိုလိုတွင် အထင်ကရ သမိုင်းဝင်တန်ခိုးကြီး ဘုရားနှင့် ဘာသာရေးအဆောက်အအုံများတည် ရှိခြင်း၊ ဒေသဓလေ့နှင့်အညီ အထင်ကရ ပွဲတော် ကြီးများ စည်ကားစွာ ဆောင်ရွက်ကြခြင်း၊ အစဉ် အလာရှိ ဒေသထွက်ကုန်များ တည်ရှိ ထိန်းသိမ်း ထားနိုင်ခြင်းနှင့် ဒေသခံလူမျိုးစုတို့၏ ပျူငှာဖော် ရွှေရိုးသားမှုဓလေ့များလေ့ လာဖော်ထုတ်နိုင်မည် ဆိုပါက ပြည်တွင်း/ပြည်ပ ခရီးသွားများအနေ ဖြင့် စိတ်ဝင်စားစရာကောင်းလာမည့် Tourism spot တစ်ခုကတော့ အမှန်တကယ် ဖြစ်လာပါ နိုင်ပါသည်။ ။

Wirrten by- နှင်းဆီသခင်

Add comment

Advertisement

Advertisement